သားသားလေးရောက်လာတဲ့နေ့ကတည်းကစပြီးဒီနေ့အထိအလွန်ကိုပျော်ရွှင်ရတဲ့နေ့ရက်ကလေးတွေကိုပိုင်ဆိုင်ဖြတ်သန်းနိုင်သည် ။
ထက်ဘုန်းသခင်လေးကစကားတွေကိုဝူးဝူးဝါးဝါးနဲ့ပြောတတ်လာ
သည် ။ သူ့ရဲ့အကောင်ပိစိလေးကလည်းဘွဲ့ယူရတော့မည် ။ အဝေးသင်အနေနဲ့ကျောင်းဆက်တက်ပြီးအခုတော့ဘွဲ့ရတော့မည် ။
သူဝါသနာပါတဲ့ဒီဇိုင်းပိုင်းမှာလည်းထူးချွန်နေပြီဖြစ်သည် ။ ဒီနေ့က ဦးရဲ့အကောင်ပိစိလေးဘွဲ့ယူရမည့်နေ့ဖြစ်သည် ။ ဘွဲ့ဝတ်စုံကြီးတကားကားနဲ့အကောင်ပိစိလေးကသူ့ကိုအသည်းယားအောင်လုပ်နေပြန်သည် ။ မနက်ပိုင်းစောစောလေးထပြီးပြင်ဆင်ရသည့်အတွက်
အကောင်ပိစိလေးအိပ်ရေးမဝ ။ သားကညပိုင်းဆိုခဏခဏနိုးလွန်းလို့ပြန်အိပ်အောင်သိပ်ရတာတွေကြောင့်လည်းပါသည် ။"ကလေး အရမ်းအိပ်ချင်နေရင်အိပ်လိုက်လေ ၊ ရောက်ရင်ကိုယ်နှိုးပေးမယ်"
"ဟုတ်တယ်သားငယ် အိပ်လိုက် ၊ မာမီ့ပေါင်ပေါ်လှဲအိပ်မလား"
"ဟုတ် ခဏအိပ်ချင်တယ် ၊ ညကသားကြောင့်တော်တော်နဲ့အိပ်လို့
မရဘူး""ဒါဆိုအနောက်ကိုလာခဲ့"
ဒယ်ဒီကအရှေ့တက်ပေးပြီးသခင်ကအနောက်ကိုဆင်းကာမာမီ့ပေါင်ပေါ်လှဲအိပ်လိုက်သည် ။ အရမ်းကိုအိပ်ချင်နေလို့ခဏလေးအတွင်း
အိပ်ပျော်သွားသည် ။ ကျောင်းဝင်းထဲကိုဝင်လိုက်တာနဲ့ဘွဲ့ဝတ်စုံတွေနဲ့ရှုပ်ယှက်ခတ်နေတော့သည် ။ ကားရပ်ရမည့်နေရာကိုပင်အတော်ရှာယူလိုက်ရသည် ။ ကားလည်းရပ်ပြီးသွားပြီ ။ အခုထက်ထိသခင်
မနိုးသေးပါ ။ တကယ်ကိုနှစ်နှစ်ခြိုက်ခြိုက်နဲ့အိပ်ပျော်နေသည် ။
ဒယ်ဒီ့လက်ထဲရောက်နေတဲ့သားလေးနဲ့အပြိုင်ကိုအိပ်နေတော့သည်။"တကယ်ပင်ပန်းနေရှာတာ ၊ သားကညဘက်ဆိုကလေးဆီပဲကပ်နေတာ"
"အမလေး ဒီဟာလေးငယ်ငယ်တုန်းကလည်းအဲ့လိုပဲငါ့ကိုပဲကပ်တာ
၊ အခုတော့သူ့အလှည့်ရောက်ပြီ"
YOU ARE READING
သခင့်စေလိုရာ
Romanceစေလိုရာ 💚 သခင် (အရာအားလုံးကိုအချိန်တွေကကုစားသွားမှာပါလို့ပြောပေမဲ့ သူ့အတွက်တော့ ကလေးငယ်နှင့်ပတ်သက်သည့်အရာအားလုံးကို မည်သည့်အချိန်ကမှမကုစားနိုင်ပါ) Male Pregnant👶 ဇာတ်လမ်းအဖြစ်အပျက်၊ နေရာ၊ ဇာတ်ကောင်များအားလုံးသည် ဝင့်လွှာ၏စိတ်ကူးယဉ်မျှသာဖြစ်သည်။ ဝင...