အပိုင်း - ၁၀💚

13.1K 834 62
                                    

မင်းပိုင်စေပြောသကဲ့သို့ သူက ကလေးအတွက် ကလေးဘဝကိုဖျက်ဆီးသည့်သူဖြစ်နေသည်ဆိုသည့်အတွေးကြောင့် ကလေးငယ်ကိုအချိန်တိုင်းရှောင်နေမိခဲ့သည်။ ကလေးငယ်သူ့ကိုစကားလာပြောပါသော်လည်း သူအေးတိအေးစက်နဲ့‌ပြောမိသည်။ ကလေးငယ်ကို သူသွားမကြိုတော့ဘဲ ရန်နိုင့်ကိုသာကြိုခိုင်းမိသည်။ နေမကောင်းပါဘူးလို့ပြောပြီး သူ့အနားနေခိုင်းသည့်ကလေးငယ်ကို သူလျစ်လျူရှု့ပြီး ကလေးငယ်ကိုအော်မိသည်။ ကလေးငယ်ကလိုက်ပို့ပေးပါလို့ပြောမယ်ဆိုတာသိလျက်နဲ့ လက်မှတ်ဖြတ်ပေးမည်ဟုသူပြောမိသည်။ ကလေးငယ်ပြန်မည့်နေ့မှာလည်း အစည်းအဝေးရှိသူဟုလိမ်ညာပြောဆိုကာ တစ်ယောက်တည်းလွှတ်လိုက်ပြီး ကလေးငယ်မရှိတော့သည့်အချိန်မှ သူအိမ်ပြန်လာခဲ့သည်။

"ဦး တောင်းပန်ပါတယ်"

ကလေးငယ်၏အခန်းရှေ့မှာအချိန်ခဏရပ်နေပြီးမှ သူအခန်းထဲသို့ဝင်လိုက်သည်။ နံရံဘောင်မှာတန်းစီနေသည့်အရုပ်လေးတွေတွေ့ပြန်တော့လည်း သူပြုံးမိသည်။ ကလေးငယ်စားပွဲလေးမှအံဆွဲလေးကိုဖွင့်ကြည့်လိုက်ပြန်တော့လည်း စာအုပ်ကလေးတွေကသပ်သပ်ရပ်ရပ်။ နေ့စဉ်မှတ်တမ်းစာအုပ်ကလေးကိုဖွင့်ကြည့်လိုက်ပြန်တော့လည်း သူ့အကြောင်းတွေကမပါမဖြစ်။ သူဖတ်ရင်းဖတ်ရင်းနဲ့အမှတ်တရတွေပြန်သတိရလာပြီး သူမျက်ရည်တွေကျလာသည်။ သူကြိုက်တဲ့ဟင်းတွေချက်ကျွေးဖို့ကလေးငယ်လေ့လာထားတာတွေကလည်းမနည်းမနော။

"ကလေး ... ကလေး ... ဦး မှားပြီလား ... ဦးလုပ်ရပ်ကမှားပြီလား"

*ပိုင်စေ ငါတောင်းပန်ပါတယ် ... ငါ ကလေးကိုလွှတ်မပေးနိုင်တော့ဘူး*

"စေလိုရာ!!!"

ကလေးငယ်နဲ့အမှတ်တရတွေ ကလေးငယ်ပြုံးမောနေသည့်မျက်နှာလေးကိုသူပြန်မြင်ယောင်လာရင်း သူ,မနေနိုင်တော့ပါ။ သူအခန်းထဲမှပြေးထွက်ပြီး သူ့ကလေးငယ်ကိုပြန်ခေါ်ရန်အတွက် အဝေးပြေးကားဝင်းသို့ထွက်လာခဲ့လိုက်တော့သည်။ နာရီကြည့်လိုက်သည့်အခါ ခုနှစ်နာရီခွဲရှိနေပြီဖြစ်သည်။ ကားထွက်ချိန်မှာ ရှစ်နာရီဖြစ်သည်ကြောင့် သူမှီအောင်သွားရမည်။ ကလေးငယ်ကိုဖုန်းဆက်သော်လည်း ကလေးငယ်ဖုန်းပိတ်ထားသည်။ သူကားဝင်းထဲသို့ဝင်လာပြီး ကားဂိတ်ကိုမေးလိုက်သည်။

သခင့်​စေလိုရာWhere stories live. Discover now