အပိုင်း - ၃💚

19.9K 1.2K 53
                                    

စေလိုရာ အကောင်ပိစိကိုဆေးလိမ်းပေးပြီး ဘာမှမပြောတော့
ဘဲ အခန်းထဲမှထွက်လာလိုက်သည်။ အကောင်ပိစိစနေမှန်းသူသိသော်လည်း သူခံစားရသည်။ သူ့မှာဒီအကောင်ပိစိလေးကိုပဲအရိပ်တကြည့်ကြည့်နဲ့ကြည့်ပြီး အကောင်ပိစိလေးကိုသူ့ဘဝဟုသတ်မှတ်ကာ ရင်နှင့်သည်းကာချစ်သည်။ အကောင်ပိစိကစနေပေမဲ့ သူ,မခံစားနိုင်တော့လို့အခန်းထဲမှထွက်လာခဲ့လိုက်သည်။ သူခြေလက်ဆေးပြီး အိပ်ရာဝင်လိုက်သည်။

ကျွီ ~~~

ရုတ်တရက်သူ့အခန်းတံခါးဖွင့်သံကိုကြားလိုက်သည်။ သူ့မွေ့ယာတစ်ဖက်ခြမ်းက အိကျသွားသည်ကိုသူသတိထားမိသည်။ သို့သော် သူမျက်လုံးမှိတ်ပြီး မသိချင်ယောင်ဆောင်နေလိုက်သည်။ ဒီတစ်ခေါက်တော့ သူတကယ်စိတ်ထိခိုက်သွားသည်ကြောင့် ဒီပိစိလေးကိုသူစိတ်ကောက်ပစ်လိုက်ဦးမည်။

"ဦး ..."

သူကျောကုန်းကို လက်ညှိုးလေးနဲ့လာတို့ပြီး‌ခေါ်သည်။

"ဦး ... ကလေးကိုကြည့်ပါဦး"

သူလှည့်မကြည့်ဘဲ မျက်လုံးကိုစုံမှိတ်ထားသည်။ ဒီကလေးကိုသူတစ်ရက်လောက်တော့စိတ်ဆိုးဦးမည်။ သူ့လက်ညှိုးလေးနဲ့ကျောကုန်းကိုခဏခဏတို့လာသည်။

"ဦးလို့ ... မအိပ်သေးတာသိတယ် ... ကလေးကခုဏကစလိုက်တာပါ ... ဦးလည်းသိရဲ့သားနဲ့ ဒီလိုကြီးစိတ်ဆိုးနေမှာလား ... ဦးကGood night kissမပေးသွားတော့ ကလေးအိပ်လို့မရဘူး ... အဲ့တာ ဦးစိတ်ဆိုးနေမှန်းသိပေမဲ့ ကလေးကိုတော့ kissလေးပေးပါနော် ... ကလေးအိပ်ပျော်ချင်တယ်"

အကောင်ပိစိရဲ့စကားတွေထဲမှာ ရေခဲတုံးကြီးအရည်ပျော်သွားရပါသည်။ ပြောလည်းပြောတတ်တဲ့ကလေးလေးလို့သူ့စိတ်ထဲမှာပြောမိလိုက်သည်။ သူ,မပေးမချင်းအနားကခွာမှာမဟုတ်ဘူးဆိုတာသူသိသည်။ သူအိပ်နေရာမှ ထထိုင်လိုက်သည်။ သူသက်ပြင်းတစ်ချက်ချလိုက်ပြီး အကောင်ပိစိလေး၏မျက်နှာလေးကိုသူ့လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ထားလိုက်သည်။

"ကလေး ... ကိုယ် ကလေးစတာကိုသိပေမဲ့ နောက်အဲ့လိုမေးခွန်းတွေမမေးနဲ့ကွာ ... စလည်းမစနဲ့ ... ကိုယ်ကလေးကို ကိုယ့်ဘဝ ကိုယ့်နှလုံးသားလို့သတ်မှတ်ပြီး ချစ်မြတ်နိုးတာ ... ကလေးကိုရော ကောင်မလေးတစ်ယောက်နဲ့ဘာလို့လက်ထပ်မယူလဲလို့ကိုယ်မေးရင် ကလေးရောမခံစားရဘူးလား"

သခင့်​စေလိုရာWhere stories live. Discover now