အပိုင်း - ၁၄💚

11.1K 778 28
                                    

အခုတစ်လောမှာ စေလိုရာ၏မူမမှန်မှုတွေကို သခင်လေးသတိထားမိနေသည်။ အမြဲတမ်းအလုပ်ကနေနောက်ကျတယ်။ မေးလိုက်သည့်အခါတိုင်းမှာလည်း အလုပ်တွေများနေလို့ပါဆိုသည့်အဖြေကိုသာအမြဲကြားနေရသည်။

"ဦး အဲ့တာဘာလုပ်နေတာလဲ"

သခင်လေးအခန်းထဲဝင်လာသည့်အချိန်မှာ စေလိုရာလက်ထဲကပစ္စည်းလေးတစ်ခုကိုအံဆွဲထဲသို့မြန်မြန်ပစ်ထည့်ပစ်လိုက်သည်။

"ဘာကြီးလဲ ... ပြပြ ဘာတွေဖွက်လိုက်တာလဲ"

"ဘာမှမဟုတ်ပါဘူးကလေးရဲ့ ... ဘာကိစ္စရှိလို့လဲကလေး ... တစ်နေရာရာသွားချင်လို့လား"

သခင်လေးက သူ့ကိုမျက်မှောင်ကြီးကြုတ်ပြီး ကြည့်လာသည်။ သူဘာများမှားပြောမိပါလိမ့်လို့စဉ်းစားမိတော့ ညဆယ့်တစ်နာရီပင်ထိုးနေပြီဖြစ်သည်ကို သတိရလိုက်မိတော့သည်။

"ဟားဟား ဆောရီး ... ဦး နည်းနည်းလွတ်သွားတယ် ... မာမီရောအိပ်သွားပြီလား"

"အိပ်သွားလို့ တောင်ကြီးကဒယ်ဒီ့ဆီတောင်ရောက်နေလောက်ပြီ"

သခင်လေးက စကားကို ဆောင့်ဆောင့်အောင့်အောင်လေးနဲ့ပြန်ပြောလာသည်။ သူ့ကလေးငယ် ခုဏကကိစ္စကိုမကျေနပ်သေးဘူးထင်ပါရဲ့။

"ကလေး !"

သူ့ကိုမျက်စောင်းထိုးပြီး အပေါ်ထပ်ပြေးတက်သွားသည့်အကောင်ပိစိလေးအနောက်ကနေပြေးလိုက်ပြီး လက်ကိုလှမ်းဆွဲထားလိုက်သည်။

"ကလေးအိပ်တော့မယ် ... ဦးလည်းအိပ်တော့"

"ကိုယ်နဲ့အတူလာအိပ်ပါလား"

"မအိပ်ချင်ဘူး ... ကလေးဘာသာအိပ်မယ်"

သူနဲ့အတူအိပ်ဖို့ အကောင်ပိစိလေးကငြင်းဆိုလိုက်တော့ စေလိုရာစိတ်ထဲထင့်သွားသည်။ သူအမြဲနောက်ကျနေလို့ ကလေးကသူ့ကိုစိတ်ဆိုးနေတာလားလို့ သူတွေးမိသွားသည်။

"ကလေး ဦးကိုစိတ်ဆိုးနေတာလား"

"နည်းနည်းဆိုးတယ် ... အမြဲနောက်ကျတယ် ပြန်လာရင်လည်းပင်ပန်းပြီးကလေးကိုဂရုမစိုက်တော့ဘူး ... ခုဏကလည်းဘာတွေဖွက်လိုက်တာလဲ ... ဧကန္တ အပြင်မှာကောင်မလေးရနေတာတော့မဟုတ်ဘူးမလား"

သခင့်​စေလိုရာWhere stories live. Discover now