အပိုင်း ၃၁( Final part)

Start from the beginning
                                    

တစ်ချို့ကသဘောကျ ကြသော်လည်း
တစ်ချို့က မတန်ဘူးဟူသော ကွန်မန့်များကိုရေးကြသည်။

အန်းလုက သူ၏အခန်းထဲရှိ ကုတင်ပေါ်တွင်
ထိုင်ကာ အပေါ်က ဆောင်ကိုခြုံထားသည်။
သူနှင့် ချီရှန်းကြားရှိ မကောင်းသော ကွန်မန့်များကို သူဖတ်နေသည့်အချိန်ပင်။

လူတွေက သူတို့နဲ့မဆိုင်လည်း
ဝင်လျှာရှည်တတ်ကြသည်။

အန်းလုက ဖုန်းကို မြှောက်ကာလှူပ်ရင်း
အော်လိုက်သည်။

"ငါ့ဘာသာ ဘွဲ့မရတာ နင့်ကိုဘာလုပ်နေလို့လည်း
ငါက ဘာလို့ ရှန်းရှန်းနဲ့ မတန်ရမှာလည်း...
ငါကသောက်ချောကြီး ပါနော်...
နင်တောင် ငါ့လောက်ချောလို့လား...."

"အန်းလု....."

အန်းလုအော်တုတ်နေရင်း တံခါးအပြင်ဘက်မှ
ချီရှန်း၏ ခေါ်သံကြောင့် ကုတင်ပေါ်တွင်
ပစ်လှဲလိုက်ရင်း အိပ်ချင်ယောင်ဆောင်လိုက်သည်။

ချီရှန်းက အခန်းထဲသို့ဝင်ကာလာသည်။

"အန်းလု....အိပ်နေပြီလား...."

"အင်း... အိပ်နေပြီ...."

"အမ်....အိပ်နေတဲ့ကောင်လေးက
ပြန်ထူးတယ်ပေါ့....ထပါအုန်း ကိုယ်တစ်နေကုန်လုံး
မင်းမျက်နှာကို မကြည့်ရသေးဘူး...."

"မပြဘူး...မပြဘူး...ဘာဖြစ်ချင်လည်း..."

"ဘာဖြစ်လို့တုန်း...ကိုယ် မင်းစိတ်ဆိုးအောင်
ဘာလုပ်မိပြန်လို့လည်း....."

"မသိဘူး....ရှန်းရှန်းရဲ့ ကောင်မလေးတွေကို
သွားမေး..."

"ကောင်မလေးတွေ ဟူတ်လား..ဘယ်မှာတုန်း...
အာ...ကိုယ်သိပြီ...မင်း ကွန်မန့်တွေသွားဖတ်နေပြန်ပြီလား ကိုယ်ပြောတယ်လေ...ဂရုမစိုက်နဲ့လို့...
မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်....ဟုတ်ပြီလား....."

အန်းလုက စောင်ကိုလှန်ကာ
ငုတ်တူတ်ကောက်ထိုင်လိုက်သည်။
သူကမျက်နှာငယ်လေးဖြင့် ချီရှန်း၏လက်ကို
လှမ်းဆွဲလိုက်သည်။.

"ရှန်းရှန်း...ကျွန်တော်တို့
ပေကျင်းကိုပြန်ကြရအောင်...
အရင်လိုပြန်နေကြမယ်လေ...မကောင်းဘူးလား..
ဘယ်သူမှ မသိတော့ဘူးလေ အေးဆေးပဲ.."

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now