အပိုင်း ၃၁( Final part)

Start from the beginning
                                    

"မနက်ဖြန်စီရင်မှာ.....
တစ်ကျွန်း ကျနိုင်ချေရှိတယ်...."

"အင်း....မြန်သားပဲ...စီရင်ချက်ချတာ..."

"သူ သုံးခါတောင် သတ်သေဖို့ကြိုးစားခဲ့တယ်
အခုအကုန်လုံးက သူ့ကိုစောင့်ကြည့်နေကြတယ်

သူက လွယ်လွယ်သေချင်နေတာ...."

"သူ့အလှည့်ကျတော့ သူမခံစားနိုင်တော့ဘူးပေါ့..."

"အင်း...ခနနေအုန်း မင်းကိုစစ်ဆေးဖို့
ကိုယ်ဆရာဝန်သွားခေါ်လိုက်မယ်....အော်ဒါနဲ့
ညနေစောင်းလောက်ကျရင် လွမ့်သောက်လာလိမ့်မယ် သူအရင်ရက်တွေကလည်း မင်းကိုလာကြည့်တယ်......"

"အင်း...."

.....................................

တစ်ပတ်လောက်နေတော့ အန်းလု
ဆေးရုံမှ ဆင်းလာလိုက်သည်။
အနာကျက်တာ မြန်စေရန် ချီရှန်းက
အိမ်တွင် နေ့တိုင်း ဂရုတစိုက် ဆေးထည့်ပေးသည်။

တစ်လလောက်နဲ့ပင် အတော်ပျောက်နေပြီဖြစ်သည်။
ရှီးယန်သည်လည်း ချီရှန်းပြောသည့်အတိုင်း
တစ်သက်တစ်ကျွန်းအပို့ခံခဲ့ရသည်။

ရင်းလုပ်ငန်းစုကို မကျေနပ်သည့်
နစ်နာသူများကလည်း ထိုအချိန်က ကုမ္မဏီ ရှေ့တွင်
အချိန်အတော်ကြာဆူပူခဲ့ကြသေးသည်။

ရှီးယန် ထောင်ကျသွားမှသာ တိတ်ဆိတ်သွားကြသည်။ အားလုံးပါးစပ်ဖျားတွင် ချီရှန်းက ဤအမှုကိုဖော်ထုတ်ခဲ့သည့်သူတစ်ယောက်ဖြစ်ခဲ့သည့်အပြင်
သူက နစ်နာသူများကို ဆေးရုံစရိတ်ပါ
ထောက်ပံ့ပေးခဲ့သေးသည်။

လူထုကြားတွင် ရင်းလုပ်ငန်းစု၏ အမည်ကိုဖျက်သိမ်းပစ်လိုက်သည်။ အင်တာနက်နှင့် သတင်းများတွင်
ချီရှန်း အကြောင်းမပါလျင်မပြီး ဖြစ်လာကြသည်။

ခန့်ညားပြီးယောက်ျားပီသမှုကြောင့်
အမျိုးသမီးများ ကြားတွင် ရေပန်းစားလာပြီး
Fanများပင် ရှိလာသည်။

အင်တာဗျူးများတွင် ချီရှန်းက ချစ်သူနှင့်
ပတ်သတ်၍ ပြောလေတိုင်း အန်းလုအကြောင်းကို.ဂုဏ်ယူစွာ ထုတ်ပြောလေ့ရှိသည်။
ဘယ်လောက်ချစ်ဖို့ကောင်းကြောင်း ၊ ဘယ်လေယက်တော်ကြောင်း ထက်မြက်ကြောင်း စရှိသဖြင့်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now