Part 39

1.6K 128 18
                                    

Zawgyi

မနက်ခင်းရဲ့ အလင်းရောင်စူးစူးလေးတွေဟာ ကြည်လင်နေသော ပြတင်းပေါက်မှန်ချက်များကို ဖြတ်ကျော်ကာ ကုတင်ပေါ်ရှိ ကောင်မလေးတစ်ယောက်၏ မျက်နှာပေါ်သို့ ကျရောက်နေသည်။

အလင်းရောင်ကြောင့် မျက်စိလေးဖွင့်လာသည် ညကသောက်ထားတဲ့ အရှိန်ကြောင့် ခေါင်းထဲမှ တဆစ်ဆစ် ကိုက်နေသည် နားထင်ကို လက်ညှိုးနဲ့ လက်ခလည်သုံးပြီ နှိပ်ကာ ဖြေးညှင်းစွာ ထထိုင်လိုက်သည်

ဘေးဘီကို ကြည့်လိုက်တော့ lisa ရဲ့ ဓာတ်ပုံအကြီးကြီးကို တွေ့လိုက်၌သည် မျက်စိကို သေချာပွတ်ပြီး ကြည့်လိုက်တော့ ဓာတ်ပုံကြီးကတော့ ရှိဆဲ

"ဒါ ဒါ lisa အခန်းလား jiji က ဘာလို့ဒီကိုရောက်နေတာလဲ 🙄🙄"

အောက်ဆင်းရန် စောင်ဖယ်လိုက်တော့ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အပ်ချည်ကြိုးတောင်မရှိချေ။ jiji မျက်လုံးပြူးရပြန်ပြီ အောက်ပိုင်းကတော့ အဝတ်ရှိသေးသည်။ ဒါပေမဲ့ ရင်ကမအေးနိုင် နားထင်ကိုဖိကာ ညက အကြောင်းတွေပြန်စဉ်းစားတော့.....

တခုချင်းခေါင်းထဲ ပြန်ဝင်လာသည်

"မူးပြီး အခန်းမှားဝင်လာတယ် lisa က jiji ကိုထိန်းရင်း အခန်းမှားနေပြီလို့ပြောတယ် ပြီးတော့ ပြီးတော့ ကုတင်ပေါ်မှာ အိပ်ပျော်သွားတယ် နောက်တော့ နောက်တော့. ဟာ ဘာမှစဉ်းစားမရတော့ဘူး 😭😭 "

ကျွီ..

ထိုစဉ် ရေချိုးခန်းထဲမှ ခေါင်းသုတ်ရင်းထွက်လာတဲ့ lisa...

"အော် နိုးနေပြီလား "

"ဟင် ရှင်က အာ့အခန်းထဲက ဘာလို့ထွက်လာတာလဲ "

"ဒါ lily အခန်းပဲဟာကို ဘယ်ကထွက်ထွက်ပေါ့ "

မှန်တင်ခုံရှေ့ထိုင်ကာ ဆံပင်ကို သေချာသုတ်ရင်း ပြန့ဖြေလိုက်သည်

"ဧကန်န ညက ဟိုဟာလေ ဟိုဟာ"

Lily စိတ်ဝင်စားသည့်နှယ် အနောက်လှည့်ကြည့်တော့ jiji ဆက်မပြောပဲရပ်နေသည်

"ပြောလေ ဘယ်ဟာလဲ "

"ညက ဟိုဟာလေ.. ဖြစ် ဖြစ်ပြီးသွားပြီလားလို့ "

သတင်းထောက်မလေးရဲ့ရွှေမင်းသမီး <Zaw+Uni>💜 [COMPLETED] 💜Where stories live. Discover now