Part 1

7.4K 264 52
                                    

Zawgyi

At One side
မနက်ခင်းရဲ့စူးရှတဲ့နေရောင်ခြည်က သူမမျက်နှာပေါ်ဖြာကျ လာသည်။ ☀️🌤🌤

အရင်လို ပြန်မအိပ်နိုင်ပါ။ယနေ့ အင်တာဗျူးဖြေရမည်လေ ကျောင်းပြီးထဲက အလုပ်အတည်တကျမရှိသေးတဲ့ သူမအဖို့ နောက်ထပ်အင်တာဗျူးတခုက စောင့်ကြိုနေသည်။ သူမ၏ ဆက်ဆက်ထိမခံ စိတ်နဲ့ အပြောတွေကြောင့် ဘယ်အလုပ်မှမမြဲခဲ့ပါ ယခုလဲ သူငယ်ချင်း Jennie ၏ အကြံပြုချက်အရ KBS မှာသတင်းထောက် အင်တာဗျူးဖြေ ရန်ဖြစ်လာသည် သူမ၏စပ်စုတတ်တဲ့အကျင့်နဲ့ ကိုက်မှာပါတဲ့လေ။

သူမအသက် ၈နှစ်လောက်က မိဘများဆုံးသွားခဲ့တယ်။ ဆွေမျိုးမရှိသောသူမအဖို့ မိဘ၂ပါးလုံး ဆုံးပါသွားတော့ တစ်ကောင်ကြွက်ဘဝရောက်ခဲ့ရတာပေါ့။ အိမ်နီးနားချင်း ဒေါ်ကြီးတွေရဲ့ ကျေးဇူးကြောင့် sunshine ဆိုတဲ့ မိဘမဲ့ဂေဟာလေးကို ရောက်လာခဲ့တယ် အဲ့မှာပဲ Jennie ဆိုတဲ့ သူငယ်ချင်းကောင်မလေးတျောက်ရခဲ့တာပေါ့ Jen ကသူမနဲ့ အသက်တူတူပဲဆိုတော့ တိုင်ပင်ဖော်တိုင်ပင်ဖက် သူငယ်ချင်းကောင်းဖြစ်ခဲ့တာပေါ့ သူမတို့အသက် ၁၈နှစ်ရောက်တော့ အပြင်မှာအလုပ်ရှာကာ တိုက်ခန်းလေး ငှားနေခဲ့တယ် အခုတော့ သူမတို့လဲ ၂၃နှစ်တောင်ပြည့်ခဲ့ပြီ

"Jisoo ရေ မထသေးဘူးလား ဒီနေ့အင်တာဗျူးရှိတယ်လေ "
Jen အော်ပြောမှ အတွေးလေးများပျောက်ကွယ်သွားသည်။

"ထပြီ  Jen ရေ မျက်နှာသစ်နေပြီ"

Jisoo ခပ်သွက်သွက်ပြင်ဆင်ကာ ထမင်းစားခန်းထဲဝင်လာသည်။

၂ယောက်တည်းရှိတဲ့သူမတို့အိမ်မှာ မနက်စာက ဖြစ်သလိုပါ

"နိအလုပ်မသွားသေးဘူးလား jen"

"အေး နိနောက်ကျမှာစိုးလို့ စောင့်နေတာ မြန်မြန်စား အယ်မတော် အင်တာဗျူးက ၉နာရီစမှာ အခုပဲ ၈နာရီခွဲနေပြီ"

"ဟွန့် ဟောက်ဖို့ပဲသိတယ် ဟောက်စားမကြီး သွားတော့မယ် bye 👋 👋 "

လက်ပြကာ ပြေးထွက်ခဲ့တယ်။ နောက်မှာတော့ တျောက်ထဲ ပွစိပွစိလုပ်ရင် ကျန်ခဲ့တယ်။ မနက်တိုင်း Jen ကိုစရတာ သူမအတွက် ပျော်စရာပါ 😆😆

သတင်းထောက်မလေးရဲ့ရွှေမင်းသမီး <Zaw+Uni>💜 [COMPLETED] 💜Where stories live. Discover now