Part 16

1.5K 149 4
                                    

Zawgyi

၂ရက်ကြာရိုက်ကူးရတဲ့ ၁ညအိပ်၂ရက်အစီအစဉ်လေး အောင်အောင်မြင်မြင်ပြီးသွားတယ်....

၁ပတ်လောက်ကြာတော့ TV မှာပြခဲ့တယ် ပထမဆုံးပြတဲ့ အပတ်မှာတင် ထင်မထားလောက်အောင် ကြည့်ရှုနှုန်းတေ တတ်လာခဲ့တယ် (၁ပတ်မှာတနင်္ဂနွေ ၁ပိုင်းပဲ ပြတာပါ ၁ခါရိုက်ကူးမှုကို အပိုင်း၇ပိုင်း ခွဲပြပါတယ်နော်) ပါဝင်ခဲ့တဲ့ member တွေလဲ နာမည်ပိုရခဲ့တယ် ဒီပရိုဂရမ်ရဲ့ အအောင်မြင်ဆုံး အပတ်ပေါ့.. နောက်အပိုင်းတွေကိုလဲ မြန်မြန်လွှင့်ပေးစေချင်ကြတယ်

Lisa အပေါ်မှာလဲ မာနမင်းသမီး ဆိုတဲ့ နာမည်ဆိုးလေး ပျက်သွားစေတယ် တချို့ဆို LiU ဆိုတဲ့ နာမည်လေးနဲ့ IU နဲ့ Lisa ကို ship ကြတယ် ဘယ်လောက်တောင် ship ကြလဲ ဆို Google မှာ ရှာဖွေမှုအများဆုံးတောင် ဖြစ်တဲ့ အထိပေါ့...

########

Lisa ကတော့ programme ပြီးပြီးချင်း ရိုက်လက်စ ဇာတ်လမ်းတွဲတေ ဆက်ရိုက်ရင်း နားချိန်မရှိအောင် အလုပ်ရှုပ်နေတာပေါ့ အခုလဲ Fashion magazine တခုအတွက် ဓာတ်ပုံရိုက်ရန် ထွက်လာခဲ့သည်

#########

တဖက်မှာတော့ သူ့ရဲ့ fav idol နဲ့ ထပ်တွေ့ရမှာမို့ ပျော်နေတဲ့ Jennie......

"ဟယ် jiji မ ဒီဘယ်လိုလုပ်ရောက်နေတာလဲ "

"ငါလား ငါ့အလုပ်ကြောင့်ပေါ့ဟ"

"Lisa ကို ဗျူးမို့လား "

"အေးပေါ့ jen ကကော"

"jen တို့ ကုမ္ပဏီက fashion အသစ်တွေကို sponsor ပေးထားတာလေ jiji တျောက်ထဲလား စီနီယာတေကော မပါဘူးလား "

"မပါတော့ဘူးဟ ပထမဆုံး jiji တျောက်ထဲဗျူးရမှာ 😁😁"

"သွားလိုက်အုံးမယ် အလုပ်ရှိသေးတယ် ငါတို့လဲနော် မတွေ့ရမယ့်သူတေကျနေတာပဲ စကားကောင်းနေလိုက်ကြတာ 😅😅"

🎼

ခနကြာတော့ Lisa ရောက်လာသည် chae ပါပါတာပေါ့

"lily မိတ်ကပ်ခန်းထဲတခါတည်းသွားမှာမလား"

"အွန်း "

"lily ဒီတခုပြီးရင်..."

"နောက်မှပြောလို့မရဘူးလား "

သတင်းထောက်မလေးရဲ့ရွှေမင်းသမီး <Zaw+Uni>💜 [COMPLETED] 💜Where stories live. Discover now