Part 5

2.1K 168 10
                                    

Zawgyi

🎶🎶Dancing on the hood in the middle of the woods on an old Mustang 🎶🎶

Hello

📞Kim Jisoo ရှိပါသလား

Kim jisoo အိပ်နေပါတယ် နောက်မှပြန်ဆက်ပေးပါနော်

📞ဘယ်လို အခုနှိုးပေးလို့ရမလား

ဟာ   ကျမက jisoo  ပါ အရေးမကြီးရင် နောက်မှပြန်ဆက် ပေးပါ

📞ရှင် အခုဆက်နေတာ KBS ကပါ

ကျစ် နောက်မှထပ်ဆက်ပါဆို နေနေပါအုံး  K KBS ကဟုတ် လား ပြောပြောပါရှင် စောနကပြောမိတာတောင်းပန်ပါတယ်

📞interview ဖြေထားတာ အောင်မြင်တယ် ဆိုတာ လှမ်းအကြောင်း ကြားတာပါ

တ.တကယ်လားဟင်

📞ဟုတ်ပါတယ် Kim Jisoo shi မနက်ဖြန်စပြီး အလုပ်ဆင်းလို့ရပါပြီ ၉နာရီ အရောက်ပါနော်

ဟုတ် ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ရှင့် 😁😁

******
ဖုန်းချပြီးပြီးချင်း Jennie အခန်းထဲသို့ပြေးဝင်ကာ
"ယေး Kim Jisoo ကွ အလုပ်နဲ့အကိုင်နဲ့ဖြစ်သွားပြီ Jen ရေ Jen   Jen !!!!!"

"ဘာလဲဟ မနက်စောစောစီးစီး နားဒုက္ခလာပေးနေတယ် "

"နိသိလား ငါinterview ဖြေထားတာ အောင်သွားပြီဟ "

"အလုပ်ရသွားပြီပေါ့ ပြောပါအုံး ဒီအလုပ်ကော ဘယ်တော့ ပြုတ်မလဲ "

"ဟယ် ဖက် ဖက် ဖက် ပါးစပ်ပုတ်ကြီးနဲ့ အလုပ်တောင် မဆင်းရသေးဘူး "

"နောက်တာပါဟာ နိရမယ်ဆိုတာသိပြီးသားပါ ငါ့သူငယ်ချင်း ကတော်ပြီးသားပဲ တခုပဲ စိတ်လိုက်မာန်ပါမလုပ်နဲ့တော့နော် "

"အေးပါ နက်ဖြန်စဆင်းရမယ်တဲ့သိလား"

"အေးအေး ပြောပြီးပြီလား ငါပြန်အိပ်တော့မယ် ငါ့မှာ ဒီနေ့တရက်ပဲနားရတာ ဝါးးး... "

ဟုတ်ပါသည် jen အလုပ် က Sunday တစ်ရက်ပဲပိတ်ပါ သည် ထိုရက်တိုင်း၌ ၁၀နာရီ ၁၁နာရှိလောက်ထိတိုင် အိပ်ပုတ်ကြီးတတ်ပါသည် jisoo ကတော့ နေ့တိုင်း ၉ခွဲလောက်မှထတတ်သည် တကယ်အိပ်ပုတ်ကြီးတဲ့ သူငယ်ချင်း၂ယောက်ပါ

Jiji ကတော့ အပျော်တေနဲ့ပြန်အိပ်လို့မရတော့ပါ  jen နဲ့ သူမ ကိုယ်တိုင်အတွက် breakfast ပြင်ဆင်ရန်မီးဖိုချောင်ထဲ လာခဲ့ပါသည်

သတင်းထောက်မလေးရဲ့ရွှေမင်းသမီး <Zaw+Uni>💜 [COMPLETED] 💜Where stories live. Discover now