Part 18

1.4K 131 11
                                    

Jiji နောက်နေ့မနက် ရုံးကိုလာခဲ့သည် မနေ့က ခိုင်းထားတဲ့ အလုပ်မအောင်မြင်တဲ့ အပြင် အပြန်ကျ ရုံးမဝင်ပဲ အိမ်တန်းပြန်ခဲ့လို့ အဆူခံရတော့မည် စိတ်လေးလေးနှင့်ပင် ထွက်လာခဲ့သည်

ရုံးထဲ ဝင်လာတော့ လူတွေ ကွက်ကြည့် ကွက်ကြည့် ကြည့်သွားကြသည် အခန်းထဲရောက်တော့ sana က

"hey jiji 😁😁"

"Sasa morning "

" အခြေအနေလေးပြောပါအုံး "

"အမ် ဘာအခြေအနေလဲ "

"အမယ် မသိချင်ယောင်ဆောင်နေတယ် မနေ့က lisa နဲ့ လေ "

"အော် အာ့က sasa ထင်သလိုမဟုဘူး "

"မလိမ်ပါနဲ့ jiji ရယ်ပုံတေတ်လာပါတယ်နော် "

"မနေ့က ဓာတ်လှေကားထဲမှာ ပိတ်မိနေတာသိတယ်မလား"

"အွန်းလေ "

"jiji က oxygen မဝရင် မူးတာတို့ မေ့လဲတာတို့ ဖြစ်တတ်တယ် မနေ့ကလဲ jiji မူးလဲသွားလို့ lisa က ပွေ့ထားပေးတာ ဒီလောက်ပဲ ဘာမှမပိုဘူး"

"တကယ်လား"

"တကယ်ပေါ့ သတင်းတေ ဘယ်လောက်တောင်ပွနေပြီလဲ မသိဘူး စိတ်ရှုပ်လိုက်တာ"

"အေး ဟ jiji ပြောတာသာ တကယ်ဆိုရင် jijiနစ်နာမှာနော် "

"ဟာ jiji ရောက်နေပြီလား "

"စောနကမှ ရောက်တာ momo"

"လက်ပေါက်ကပ်ဆီသွားလိုက်အုံး momo ကို လာရင်လွှတ်လို့ပါတဲ့"

"ဆူမို့နဲ့ တူတယ် "

"မသိဘူးလေ momo သွားတော့မယ် နော် jiji "

"omm 😟 sasa ရေ လက်ပေါက်ဆီသွားလိုက်အုံးမယ်"

အခန်းရှေ့ရောက်တော့ တံခါးခေါက်ကာ

"jiji ပါ "

"ဝင်လာခဲ့!!"

"ခေါ်တယ်ဆိုလို့ 🙁🙁"

"omm လာထိုင်အုံး"

"ရှင်"

သူ့အခန်းထဲမှာ အရေးကြီးတဲ့ လူတေလောက်ပဲ ထိုင်ကာ စကားပြောကြတာ jiji တို့လို လက်ထောက်တေက ပြောစရာရှိရင်တောင် မတ်တပ်ရပ်ပြီးပြောရတယ် ပြီးတာနဲ့ ထွက်သွားရသည် အခုတော့ ထူးဆန်းနေတယ် ထိုင်ခိုင်းတယ်ဆိုတော့ မရိုးသားလောက်ဘူး

သတင်းထောက်မလေးရဲ့ရွှေမင်းသမီး <Zaw+Uni>💜 [COMPLETED] 💜Where stories live. Discover now