ချန်းစီနျန်မှာ ဝမ်ယဉ်းလင်ရဲ့ မျက်နှာအမူအယာအား အကဲခတ်လိုက်ပြီး သူ့မာမားက ဧည့်ခံပွဲမှာ ဘာကို ထုတ်ဖော်ကြေညာမှာလဲဆိုတာကို ခန့်မှန်းကြည့်ဖို့ ကြိုးစားနေလေသည်။
လန်းဆန်းသစ်လွင်သည့် အဝတ်အစားတို့ကို လဲလှယ်ပြီးသည့်နောက် ချန်းစီနျန် ဒုတိယထပ်ကို ရောက်သွားတော့ အခန်းထဲတွင် ဧည့်သည်တွေအားလုံး ရှင်းလင်းနေသည်ကိုသာ တွေ့ရှိလိုက်ရသည်။ ကျန်ရှိနေတာကတော့ ဘိုးဘိုးချန်း၊ ချန်းအန်းနှင့် ဝမ်ယဉ်းလင်တို့သာလျှင် ဖြစ်၏။
"ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ ဘိုးဘိုး" ချန်းစီနျန်ဟာ အတော်လေး ရှားရှားပါးပါးကို သူ့အဘိုးအတွက် သူ အတတ်နိုင်ဆုံး လေးလေးစားစား ပြုမူပေးခဲ့လေသည်။ သူ့လက်ဆောင်က ကားထဲမှာ ကျန်ခဲ့တာကို သိရှိသွားသဖြင့် သူအခန်းထဲက ထွက်တော့မလို့ ပြင်နေတဲ့အချိန်မှာပဲ ဝမ်ယဉ်းလင်က သူ့ကို တားလိုက်သည်။ "ခဏနေအုန်း စီနျန် ... မာမား မင်းကို ပြောစရာရှိတယ်"
ချန်းစီနျန်က သူ့မာမားကို ပြန်လှည့်ကြည့်လိုက်၏။
ဝမ်ယဉ်းလင်က ဘိုးဘိုးချန်းနှင့် ချန်းအန်းအား အားပါးတရပင် ပြုံးပြလျက် "အဖေ ... ကျွန်မက ဒီပါတီပွဲမှာ  မိန်းကလေးတစ်ယောက်နဲ့  မိတ်ဆက်ကြေညာပေးမလို့ စီစဉ်နေတာ"
"ဘယ်မိသားစုရဲ့ ကလေးလဲ?" ဘိုးဘိုးချန်းက မေးလိုက်၏။
ချန်းစီနျန်မှာ ဝမ်းယဉ်းလင်ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ တစ်စုံတစ်ခုတော့ဖြင့် အလွန့်အလွန်ကို မှားယွင်းနေသည်မှန်း သူ့အတွင်းစိတ်က သူ့ကို သတိပေးထားနှင့်နေပြီ ဖြစ်သည်။
ချန်းစီနျန် ကြိုသိရှိခံစားမိနေသည့်အတိုင်းပဲ တကယ်ကို သူ ကြားလိုက်ရလေတော့သည်။ "သူက ချင်းမိသားစုရဲ့ သမီးလေးလေ __ ချင်းစုယွဲ့တဲ့" ဝမ်ယဉ်းလင်က ပြောပြလိုက်သည်။
ချန်းစီနျန်က ထိုကျိန်စာသင့်နေသည့် နာမည်ကို ကြားလိုက်ရစဉ်မှာ သူ့မျက်ခုံးတွေကို တွန့်လိုက်မိ၏။
ံဝမ်ယဉ်းလင်ကတော့ သူ့ရဲ့ မျက်နှာအမူအယာကို သတိပြုမိပုံမပေါ်ပဲ သိသိသာသာပင် ဆက်ပြောနေသည်။ "ကျွန်မက သူ့ကို စီနျန့်တိုက်ခန်းရဲ့ ညာဘက် အပြင်မှာ တစ်ခါ တွေ့ဖူးတယ် သူမက ပထမဆုံး တွေ့တွေ့ချင်းမှာတင် ဒီလိုကောင်းတဲ့အမြင်ကို ဖြစ်စေခဲ့တာ"