နှင်းဆီမိုးစက်
အပိုင်း (၂၄)
#နှင်းဆီမိုးစက်
"အဆင်ပြေရင် ညီမလေး တိတိကျကျ ဒိတ်ကလေး ပေး..."
"ဟလို..."
"ကိုမိုးစက်ရဲ့ မန်နေဂျာလားရှင့်.."
"ဟင်..မဟုတ်ပါဘူးရှင်.."
"မမော်မော်ကျော်..မဟုတ်ဘူးလားရှင်..."
"အဲ..ဟုတ်ပါတယ်ရှင့်..."
"ကိုမိုးစက်က သူ့မန်နေဂျာ ပြောင်းလိုက်ပြီဆိုပြီး..ဒီဖုန်းနံပါတ်လေး ပေးလို့ပါရှင့်..."
"ဟို.."
"အလုပ်ကိစ္စလေး ပြောချင်လို့ပါရှင်...သုံးလပိုင်းလောက်မှာ ပွဲ တစ်ခု အတွက် ၀တ်စုံ လိုအပ်လို့ပါရှင်.."
"ခဏ..ခဏလေးနေပါဦးရှင်...ပြီးရင် ပြန်ဆက်သွယ်ပေးပါမယ်နော်...တောင်းပန်ပါတယ်ရှင်.."
မော် ဖုန်းချလိုက်ပြီး အခန်းထဲက ကပျာကယာ ထွက်ကာ လှေကားကို ပြေးဆင်းသွားလိုက်သည်..။
ဧည့်ခန်းထဲမှာ စာအုပ်ဖတ်ရင်း အကျအန ထိုင်နေတဲ့ သူ့ကို တွေ့တော့ ဒေါသပိုထွက်ရပါသည်..။
"မိုး.."
"ဟင်...နိုးပြီလား..မော်..."
"မင်း...အိမ်မပြန်ဘူးလား.."
"ဟင့်အင်း...အဖေ က ရတယ် နေလို့ပြောတယ်.."
'နှစ်ရက် ရှိပြီနော်..."
"သိတယ်လေ...အခု ဘာဖြစ်လို့လည်း.."
မော့်ကို မေးငေါ့ပြောတော့ ဖုန်းကို သတိရပြီး မျက်မှောင်ကြုတ်ကာ သူ့ရှေ့ ဆိုဖာ မှာ ၀င်ထိုင်လိုက်သည်..။
"မင်း အလုပ်က ဖုန်းဆက်တယ်...ငါ့ကို မန်နေဂျာနဲ့ မှားနေတယ်.."
"မမှားပါဘူး.."
"ဘာ.."
"အလုပ်တွေ လက်ခံလိုက်လား..လက်မခံနဲ့နော်...မင်း လည်း ဒိုး...ငါလည်း ဒိုးပဲ..တော်ကြာ အလုပ်တွေက နောင်ဘ၀အထိ ပါလာရင် တို့တွေ မလွတ်လပ်ပဲ နေလိမ့်မယ်.."
"မိုး...မင်း ရူးနေလား.."
"အေးလေ..."
"ကျစ်..."
YOU ARE READING
နှင်းဆီမိုးစက်
Romance"မိုး...တော်တော့ကွာ...မှားခဲ့တဲ့ ကိစ္စမှာ မင်းအခန်းထိ ရောက်လာတဲ့ ငါ့ဘက်က အမှား ပိုတာ သိပါတယ်...ဒါပေမဲ့ ဒီကိစ္စ ကို အကြောင်းပြ ပြီး မင်းကို အပိုင်ရဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူး..မင်း ကို တာ၀န် လည်း မယူခိုင်းခဲ့ဘူး...မင်းကို ငါ ဘာများ တောင်းဆို ခဲ့လို့...