Part 20

3.4K 144 4
                                    

နှင်းဆီမိုးစက်

အပိုင်း (၂၀)

#နှင်းဆီမိုးစက်

"မင်္ဂလာပါ..."

"ဟုတ်ကဲ့..."

"အဆိုတော် အိ ရဲ့ ရှိုးပွဲ မှာ အ၀တ်အစား အဆင်မပြေမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်...အစ်ကိုရဲ့ တာ၀န်ယူခဲ့ရမှုတွေ ပြောပြပေးပါလားရှင့်..."

"ဟုတ်ကဲ့...သူများနိုင်ငံ ရှိုးပွဲသွားလုပ်တော့ အစစကတော့ ဂရုစိုက်ရပါတယ်...ကျွန်တော် ရဲ့ ပေါ့ဆ မှုကြောင့် နည်းနည်း အလွဲ ဖြစ်သွားတယ်...ဒါပေမဲ့ အချိန်မှီ ပြင်ဆင်ပေးခဲ့ပါတယ်...ရှိုးပွဲလည်း အောင်အောင်မြင်မြင် နဲ့ အဆုံးသတ်နိုင်ပါတယ်..."

"အခုလို နိုင်ငံတကာ အတွေ့အကြုံ ရှိတဲ့ စတိုင်လစ် တစ်ယောက် အနေနဲ့ ဘန်ကောက် နဲ့ ရန်ကုန် ရဲ့ ဖက်ရှင်ကွာဟ မှုကို ဘယ်လို မြင်လည်း ရှင်..."

"ဒါကတော့ ယဉ်ကျေးမှု နဲ့ ပရိသတ် အမြင်မတူတော့ ပြောရခက်ပါတယ်ခင်ဗျာ...ဒါပေမဲ့ ကျွန်တော်တို့လည်း အများကြီး တိုးတက်လာပါပြီ..."

"အစ်ကို က ဒီအလုပ်မှာ အခြေချနေတာ ကြာပြီ လို့ သိရပါတယ်....အရင် နဲ့ အခု အလုပ်လုပ်ရတာ ကွာဟချက်လေးတွေ ရှိလား.."

"ဟုတ်ကဲ့...အများကြီး ပြောင်းလဲ တိုးတက်လာပါတယ်...နောက်ပြီး ပွင့်လင်း မြင်သာ ရှိလာတယ်...ကြိုးစားရင် ကြိုးစားသလောက် ချပြခွင့် ရလာတယ်ပေါ့....အများကြီး ပိုကောင်းလာပါတယ်....အခွင့်အရေးတွေလည်း ပိုများပါတယ်..."

"အစ်မ အနေ နဲ့ အစ်ကို နဲ့ အလုပ်လုပ်ရတာ  ဘယ်လိုနေလည်း..."

"အိုး.အများကြီး ကောင်းတယ်ပေါ့...အစ်ကို နဲ့ အိ က မောင်နှမ အရင်းလိုပါပဲ...အစ်ကို တစ်ယောက်လိုပဲ လိုအပ်တာအားလုံးပေါ့..ဖက်ရှင်ပိုင်းမှ မဟုတ်ပါဘူး...ဘာပဲ ဖြစ်ဖြစ် သင်ပြပေးပါတယ်..."

"ဟုတ်ကဲ့...ရှိုးပွဲကြီးအခုလို အောင်မြင်စွာပြီးသွားတော့ ဘယ်လို ခံစားရလည်း.."

"အစတုန်းက တော့ အဆင်ပြေပါ့မလား စိုးရိမ်ရတယ်...ဒါပေမဲ့ အခက်အခဲ မရှိပြီးသွားတာ ၀မ်းသာတယ်...အလုပ်တွေ မအားတဲ့ ကြားထဲက အကူအညီ တောင်းလိုက်ရင် ချက်ချင်း အပြေးရောက်လာတဲ့ အစ်ကို့ကိုလည်း တကယ်ကျေးဇူးတင်ပါတယ်..."

နှင်းဆီမိုးစက်Where stories live. Discover now