Part 17

2.5K 136 6
                                    

နှင်းဆီမိုးစက်

အပိုင်း (၁၇)

#နှင်းဆီမိုးစက်

"တီ...တီ...."

မိုးစက် ဘေးမှာ မျက်လုံးမှိတ် ငြိမ်သက်နေသည့် မော့်ကို ငေးကြည့်နေရင်း မီးစိမ်းသွားတာ သတိမထားမိလိုက်ပါ...။

ကားဟွန်း သံတွေကြောင့် ကား ကို ကပျာကယာ မောင်းထွက်လာခဲ့သည်..။

အိမ်ကို မပို့ပေးပဲ ဆေးခန်း ခေါ်သွားရ ကောင်းမလား...။

ဆေးခန်းပြပြီးသား ဆိုရင် အိမ်ပြန်နားတာပဲ ကောင်းပါလိမ့်မည်..။

မိုးစက် သက်ပြင်း တစ်ချက် ခိုးချ၍ ကားကို အရှိန်နည်းနည်း မြှင့်လိုက်မိသည်..။

သူတို့ လမ်းထိပ်ရောက်တော့ ခဏခဏ ရောက်ခဲ့သည့် ကြံရည်ဆိုင်လေး နေရာမှာ မီနီမားကပ်ကလေး တစ်ခု ရှိနေသည်..။

ထိုင်နေကျ ဗာဒံပင်နဲ့ခုံတန်းလေးလည်း မရှိတော့ပြီ..။

အချိန်တွေကြာလာတော့ အရာရာ ပြောင်းလဲလာပြီပေါ့လေ...။

ကားကို ခပ်ဖြည်းဖြည်း မောင်းရင်း လက်ဖက်ရည်ဆိုင် နေရာလောက်ကို ခန့်မှန်းကြည့်မိသည်..။

လမ်းထဲမှာ အထပ်မြင့် တိုက်တွေ လုံးချင်းတွေ ဖြင့် ခေတ်မှီတိုးတက်နေပြီ..။

အိမ်တိုင်းရဲ့ ရှေ့မှာ ကားတွေ ရပ်ထားလို့ လမ်းက ရှိရင်းထက် တစ်၀က်လောက် နေရာကျဉ်း နေသည်..။

ကားကို သတိထားမောင်းရင်း လက်ဖက်ရည်ဆိုင်လို့ ယူဆရတဲ့ ပိတောက်ပင် ရှိနေတဲ့ နေရာကို ရောက်တော့ တိုက်ရှေ့မှာ ကလေး တစ်ယောက် ဆော့နေသည်..။

သူတို့ အိမ်ကို ရောက်တော့ အရင်လို အောက်ထပ် မြေကြီခင်း နဲ့ ကားပစ္စည်းတွေ စုပြုံထားတဲ့ မြင်ကွင်းမျိုး မဟုတ်တော့ပါ..။

နှစ်ထပ် တိုက် အဖြူရောင် သန့်သန့်လေး နဲ့ သွပ်ပြားတွေထောင်ပြီး လုပ်ထားတဲ့ ခြံတံခါးကြီးနေရာမှာ အစိမ်းရောင် သံမဏိတံခါး ကြီးက ခမ်းနားနေသည်..။

သူ အလုပ် အရမ်းကြိုးစားတာတွေကိုတော့ သိပြီးသားပါ..။

မိုးစက် အနားမှာ သာ ရှိနေရင် သူ့မိဘတွေကို ဒီလို အခြေအနေ ရောက်အောင် ကူညီနိုင်မယ် မထင်ပါဘူး..။

နှင်းဆီမိုးစက်Where stories live. Discover now