Part 18

2.9K 124 6
                                    

နှင်းဆီမိုးစက်

အပိုင်း (၁၈)

#နှင်းဆီမိုးစက်

"ကိုမိုး...အဖြူ နဲ့ အနီ ဘယ်ဟာ ရွေးမလည်း.."

"အနီ..."

"......."

စာရွက်တွေကို ကိုင်ထားရင်း မသွားသေးပဲ စောင့်နေတော့ မိုးစက် လုပ်လက်စ ကိုထားကာ မျက်လုံး လှန်ကြည့်လိုက်သည်..။

ကောင်မလေးက ပြောရခက်သလို ဖြစ်နေတော့ မေးငေါ့ရင်း....

"ဘာကျန်သေးလို့လည်း.."

"ဟို...ကိုမိုး ဒီရက်ပိုင်း အနီချည်းပဲ ရွေးနေတာ ထပ်နေပြီလေ..."

"ဒါဖြင့်...အဖြူ..."

"ရှင်..."

"........"

မိုးစက် ကို နားမလည် နိုင် ဖြစ်နေသည့် ကောင်မလေး က ခဏ ရပ်ကြည့်ပြီးမှ အခန်းထဲက ထွက်သွားတော့သည်..။

ဒီဇိုင်း တစ်ခုရတော့ မင်းသမီးဆီ ကို ဓာတ်ပုံ ပို့ပေးရသည်..။

တစ်ဖက် က ၀င်မကြည့်သေးတော့လည်း ကိုယ့်တာ၀န် မရှိတော့ဘူးပေါ့လေ..။

ဖုန်းကို ကောက်ကိုင်လိုက်ပြီး ခေါ်ဖို့ စဉ်းစားမိပေမဲ့ အိပ်ပျော်နေတာ နိုးသွားမလား စိုးရိမ်သည်..။

မနေ့က သူ့အိမ်ကို လိုက်သွာတော့လည်း အိပ်နေလို့ အဖေ နဲ့ပဲ တွေ့ခဲ့ရသည်..။

"အိပ်နေတာ ပိုကောင်းတယ်....မိုးစက်ရေ....မိမော် က အိပ်ရေးပျက်ရင် မဟန်ဘူး.."

အဖေ က အလုပ်များနေတဲ့ ကြားက စကားတစ်ခွန်း နှစ်ခွန်း ဧည့်ခံပြောပေးသည်..။

မိုးစက်လည်း အလုပ်များနေသူကို အားနာလို့ ကြာကြာ မနေပဲ ပြန်ခဲ့ရသည်..။

လက်ထဲက ဖုန်းကို ပြန်ချလိုက်ကာ သက်ပြင်းချမ်ိပြန်သည်..။

အိပ်ရေးမ၀ရင် မိုးစက်လည်း ခေါင်းကိုက်တက်လို့ ကိုယ်ချင်းစာပါသည်..။

ခုတလော ညပိုင်းဆို မိုးစက် ဖုန်းတွေဆက်မိတာကြောင့် သူ အိပ်ပျော်ဖို့ ခက်ခဲမှာ သိပါသည်..။

ကိုယ့်အပြစ်မကင်းသလို ခံစားရလို့ မနှောင့်ယှက်ချင်တော့ပါ...။

နှင်းဆီမိုးစက်Where stories live. Discover now