Part 16

2.6K 125 4
                                    

နှင်းဆီမိုးစက်

အပိုင်း (၁၆)

#နှင်းဆီမိုးစက်

"မော်...မော်..."

"......"

"ဟေ့ကောင်...ကျော်ကျော်..."

"ရှူး...ဘာလည်း.."

"အိုး...လာဦး..လာဦး...ပြောစရာ ရှိတယ်..."

မော့်လက်ကို ဆွဲပြီး လှေကားတွေကို အပြေးအလွှား တက်နေတော့ သူ့အနောက်က အမှီလိုက်ရသည်..။

မျက်နှာကို ကြည့်ကတည်းက အတော်လေးကို အူမြူးနေသည့်ရုပ်မျိုးပင်..။

အခန်း တံခါးကို သေချာ ပြန်ပိတ်ပြီး မော့်ပခုံးကို ကိုင်ကာ  ပြုံးစေ့စေ့ ဖြင့် ကြည့်နေပြန်သည်..။

"ဘာဖြစ်လာတာလည်း..."

"ငါ.. ပိုက်ဆံ ရခဲ့တယ်..."

"ဟမ်..."

ပိုက်ဆံရတယ်ဆိုတာ ဘာများ ထူးဆန်းလို့လည်း...။

ဒီတိုင်းလည်း သူ့မာမီနဲ့ သူ့မမကြီး ဆီက မုန့်ဖိုး ရနေတာပဲလေ..။

သူ ဒီလောက်ပျော်နေပုံ ထောက်ရင်ပိုက်ဆံရတာထက် ပို တဲ့ အကြောင်းအရင်း ရှိနေပြီ..။

မဟုတ်မှ...။

"မင်း ကို မဂ္ဂဇင်းဓာတ်ပုံ က ရွေးလိုက်တာလား.."

"အေး.."

"ဟား..ဟား...ငါ ပြောသားပဲကွာ..."

မော့် ပခုံးကို သူက ကိုင်ရုံသာ ပျော်နေပေမဲ့ မော်ကတော့ သူ့ကိုယ်ကို ဆွဲဖက်ပြီး ရင်တွေ ဝုန်းဒိုင်းကြဲအောင် ခုန်ရင်း ပျော်နေမိသည်..။

"ငါ ပြောတာမှားလား...မင်းကခေါင်းမာတာကွာ...စောစော ကသာ ငါ ပြောသလို လုပ်ရင် အဆင်ပြေဖို့ကိုပဲ...အိုး...ဘာပဲ ဖြစ်ဖြစ် အဆင်ပြေပြီပဲ..ဟား..ဟား...ငါ ပျော်လိုက်တာ မိုးရာ...ငါ အရမ်းပျော်တာပဲ..."

သူက ခေါင်းညိတ်ပြီး မော့်ရဲ့ ကျောကို ပြန်ပုတ်ပေးကာ အားပေးနေရသလို ဖြစ်နေသည်..။

သူ့ မျှော်လင့်ချက် နဲ့ ဝါသနာလေးတွေ အစ ပျိုးခွင့်ရတာကိုပဲ မော့်မှာ နိုင်ငံတကာအထိ အောင်မြင်သွားသလို ပျော်နေမိသည်..။

နှင်းဆီမိုးစက်Where stories live. Discover now