ဖုန်းချလိုက်ချိန် တစ်ခုခု ကွဲပြီး သူ့ရဲ့ ညီးတွားသံက မော့် ခေါင်းထဲမှာ စွဲထင်နေတော့သည်..။

အိမ်မှာဆိုရင် ဘယ်သူမှ ရှိမှာ မဟုတ်ဘူး..။

ဟိုတစ်ခါ သူ့အခန်းကို သွားတော့ သူ တစ်ယောက်တည်း နေတာ တွေ့ထားသည်မို့ စိတ်ညစ်ရသည်..။

ဘာတွေ ကွဲပြီး ဘာတွေ ဖြစ်ကုန်ပြီလည်း..။

မော် ကြာကြာမစဉ်းစားနိုင်ပဲ အကျီ င်္ထပ်၀တ်ကာ အခန်းထဲက အပြေးအလွှားထွက်လာခဲ့ရသည်..။

"စုစုရေ...."

"ရှင်..."

"ငါ အပြင်သွားလိုက်ဦးမယ်...ဦးအောင်သိန်း လာရင် စောင့်နိုင်ရင် စောင့် မစောင့်နိုင်ရင် စာရင်းထားခဲ့ပါလို့..."

"ဟုတ်..."

"အဲ...မစောင့်ခိုင်းနဲ့တော့ ငါ အိမ်ကို ပြန်ရဦးမယ်...မနက်ဖြန်မှ သူ့ဆီလာမယ်လို့ ပြောလိုက်..."

"ဟုတ်ကဲ့..."

အရောင်း၀န်ထမ်း ကောင်မလေးကို မှာပြီး ဆိုင်တံခါးကို အလောတကြီးဖွင့်ပြီးမှ ကားသော့ မယူလာခဲ့တာ သတိရသည်..။

ကျစ်...ရှုပ်လိုက်တာ...တက္ကစီနဲ့ပဲ သွားတော့မယ်...။

တက္ကစီ ပေါ်ရောက်တော့လည်း ဖုန်းထပ်ခေါ်တာ မကိုင်ပြန်ဘူး..။

သူနဲ့ ပတ်သက်လာရင် မော့်မှာ အမြဲပူလောင်နေရတာပါပဲလား..။

"တင်...တင်...တင်...."

တံခါးက လူခေါ် ဘဲလ်ကို ဖိနှိပ်နေပေမဲ့ လေးငါးချက် နှိပ်ပြီးလည်း ဖွင့်မပေးသေးလို့ လက်နဲ့ထုမိသည်..။

သုံးလေးချက် တံခါးကိုထုမှ လျှပ်ခနဲ့ ပွင့်သွားပြီး ရီဝေ၀ နဲ့ စိုက်ကြည့်သည်..။

"ဘာလည်း..."

"........"

မော် ဘာမှ မပြောပဲ မျက်နှာထား တည်တည် ဖြင့်ပင် အခန်းတံခါးကို ဆွဲဖွင့်ပြီး ၀င်လိုက်သည်..။

ဧည့်ခန်းက ဆိုဖာ ရှေ့မှာ ပုလင်းထောင်ထားပြီး တီဗွီ ရှိတဲ့ ဘက်ခြမ်းမှာ ဖန်ကွဲစတွေ ပြန့်ကျဲနေသည်..။

"ဘာဖြစ်နေတာလည်း...မင်း ဘာဖြစ်နေတာလည်း..မိုး..."

"ငါလား...မသိဘူး..ပူလောင်နေတာပဲကွာ...ထိုင်... ကော်ဖီသောက်မလား..."

နှင်းဆီမိုးစက်Onde as histórias ganham vida. Descobre agora