ဒါပေမဲ့..တစ်စုံတစ်ယောက် သတိထား၍ စောင့်ကြည့်နေတာကို နောက်နေ့မှ သိတော့သည်..။

"အကြင်နာတွေ ပေးတိုင်း အကြင်ပြန်ရမယ်...ယုံမှတ်ပြီး🎼...အရာရာပုံပေးပြီး...ဒါဟာ ကိုယ်အမှားလေ....ကြုံဖူးပြီ...ထာ၀စဉ် သိပ်ချစ်တက်လို့ မှားတက်သူမှာ...ရင်ခုန်သင်ရိုး🎼 ညွှန်းတမ်းတ...ဒဏ်ရာ သင်ခန်းစာပဲကွယ်...ဟိုစဉ် ဘ၀ရဲ့ကျောင်းထဲ ချစ်ဖတ်စာကို သေချာ မကျေညက်ခဲ့တော့လည်း...ဒဏ်ရာတွေပဲ  ကိုယ်ရတယ်...မှားပြန်တယ်... 🎼..."

"ဟလို..."

".........."

ဖုန်းနံပါတ်ကို ကြည့်ကတည်းက သူ့နာမည်ပေါ်နေတော့ ကိုင်လိုက်မိသည်..။

တစ်ဖက်က အရင် စကား စ မပြောတော့  ဖုန်းခေါ်ပြီး အမြဲတမ်း အဲလို လုပ်တာ စိတ်တိုချင်လာသည်..။

"ပြောလေကွာ..."

"မော်...မင်း ကို တကယ်လို့ ငါ မထင်ဘူးသိလား.."

"ဘာတွေလည်း.."

"ကျစ်....ငါ အရမ်းစိတ်ညစ်တာပဲကွာ...."

"....."

"အား.....ဒုန်း....."

"ခွမ်း..."

ဖုန်းထဲက တစ်ခုခု ကွဲသံကြားတော့ မော် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်..။

နာရီကြည့်လိုက်တော့ မနက် ဆယ်တစ်နာရီပဲ ရှိသေးသည်..။

ဘာဖြစ်လို့ မနက်ပိုင်းကြီး သောက်နေရတာလည်း..။

"ဟေ့...မိုး...မင်း...ဘယ်မှာလည်း..."

"ဘာလုပ်မလို့လည်း..."

"မင်း...အရက်သောက်နေတာလား.."

"ဘာဖြစ်လို့လည်း..."

"ကျစ်...ဘာတွေ ရိုက်ခွဲပြီး ပြဿနာရှာနေတာလည်းကွာ..."

"ဘာလည်း..စိုးရိမ်လို့လား...မပူပါနဲ့ ငါ အိမ်မှာ သောက်နေတာ....ဒါပေမဲ့ ငါ သေချင်သလိုလို ဖြစ်နေပြီ...မင်း သိလား...မင်း က ဘယ်သိမလည်း...မင်းက ဘယ်တုန်းကမှ မသိဘူး...မင်း က ငါ့ကို ထားပြီး ထွက်သွားနိုင်တယ်...မင်း က ရက်စက်တဲ့ မိန်းမ...အဲ...ယောက်ျား....မင်း ကြောင့်ပဲ ငါ အကြိမ်ကြိမ် ခံစားရတာပဲလေ...မင်းက...ခွမ်း..အ..."

နှင်းဆီမိုးစက်Where stories live. Discover now