"အင်​..သ​ဘော"

ကျန်းချိုး ​မောလ်​ထဲပန်​၀င်​ရမှာအရမ်းကြီးပျင်းသွား​ပေပြီ။ ဒါ့အပြင်​ ဟိုအမျိုးသမီးအတွင်းခံဆိုင်​​ရှေ့ဖြတ်​ရမည်​​ပေါ်လာခဲ့သည်​ရှိ​သော်​ သူ​သေ​လောက်​​အောင်​ အရှက်​ပြန်​ရ​ပေဦးမည်​။ ထို့​ကြောင့်​ ပီဇာဆိုင်​ကိုသာ စားချင်​ချင်​ မချင်​ချင်​ လမ်းညွှတ်​ပြီး သွားကြ​လေသည်​။

စား​သောက်​ဆိုင်​ထဲဝင်​သည်​နှင့်​ပင်​ လီစူး​ကြောင့်​ အထဲက လူတစ်​အုပ်​၏ အာရုံတို့ ​ရောက်​လာပြန်​သည်​။ သူ အတွင်းခံဝယ်​ပြီးကတည်းက ၀ယ်​​သူ​တွေ သူတို့နှစ်​​ယောက်​ကို ထူးထူးဆန်းဆန်း​တွေ ကြည့်​​နေသည်​ဟု ကျန်းချိုးခံစားမိ​နေသဖြင့်​ လီစူးလက်​ကိုဆွဲလိုက်​၏။

"အ​နောက်​မှာပဲ ထိုင်​ကြမယ်​"

လီစူးဘားမှ​တော့ပြန်​မငြင်း။ သို့​သော်​ နံ​ဘေးက ​ကောင်​မငယ်​ငယ်​​လေးတစ်​​ယောက်​၏ အပြုံးချိုချိုက​တော့ သူတို့နှစ်​​ယောက်​အတွက်​မဟုတ်​..လီစူးအတွက်​မှန်း ကျန်းချိး တန်းသိလိုက်​ပါ၏။ စိတ်​ပျက်​စရာ​ပေ။

မှာထားသည်​ပင်​ လာမချ​သေး..ကျန်းချိုး လီမွန်​​ဖျော်​ရည်​တစ်​ခွက်​​သောက်​၍ သူ့ဗိုက်​​လေးကို မနိုင်​၀န်​ထမ်း​အောင်​ အကူလုပ်​​ပေးပီးဖြစ်​​နေ​လေပြီ။ သူတိုးတိုး​လေး​ပြောလိုက်​၏။

"ကျ​တော်​ ​ရေအိမ်​ခန၀င်​လိုက်​ဦးမယ်​"

"မင်း ကိုယ့်​ကို မင်းနဲ့ အ​ဖော်​လိုက်​​စေချင်​​သေးလား"

ကျန်းချိုး စိတ်​မသက်​မသာဖြင့်​ လက်​​တွေအတင်းခါလျက်​ လုပ်​ပြလိုက်​ချိန်​ လီစူး၏ အရယ်​မျက်​လုံးကြီးနှင့်​ဆိုင်​မိသွား​လေသည်​။

***ငါအရူးလုပ်​ ထပ်​ခံရပြန်​ပြီ​ပေါ့​လေ..ဟင်း..ငါ​နော်​..ငါ.***

ကျန်းချိုး သွား​တွေပင်​ ယား၍ တစ်​ခုခုလုပ်​လိုက်​ချင်​​သော်​​လည်း သူ့ကျန်းမာ​ရေးကိစ္စကြီး​ကြောင့်​ မသက်​မသာ​လျော့လိုက်​ရ​လေသည်​။

***ငါက သူ့အစားကို ဘယ်​လိုခံခဲ့ရတာလဲ..ယုတ္တိမရှိလိုက်​တာ***
(T/N may be about ဂူမူး)

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now