Extra(z&u)

1.7K 87 15
                                    


""""""""""""""""""""

1 year later.....

"""""""""""""

"ကလေးရောလိုက်ခဲ့ပါလား....''

အင်္ကျီ ကြယ်သီးတွေတပ်ပေးနေတဲ့သူ့ရဲ့
လက်ကိုဖမ်းဆုပ်ရင်း ပြောလာပြန်သည်..

"ကျွန်တော် မအားပါဘူးဆိုမှ....ဒီတစ်ခေါက်တော့
Phi ပဲသွားလိုက်တော့ နောက်တစ်ခေါက်
မှ လိုက်ခဲ့မယ်လေနော်....''

Phi ရဲ့မေးဖျားကိုမော့နမ်းလိုက်ရင်း
ချွေးသိပ်လိုက်ရတယ်....

Phi က သူ့မိဘတွေနဲ့ အခုမှပြန်အဆက်
အသွယ် လုပ်တာလေ...

သူပါသွားလို့ ညစာစားချိန်မှာ အနှောက်အယှက်ဖြစ်သွားရင် မျက်နှာမရ
ခြေထောက်ရ ဆိုသလိုမျိုးဖြစ်သွားလိမ့်
မည်

"အင်းပါ....ကလေးကမလိုက်ချင်ဘူးဆို
တော့လည်း ဇွတ်မခေါ်တော့ပါဘူး...
ညနေ ကိုယ်လာကြိုသည်အထိ
စောင့်နော်အရင်မပြန်နှင့်နဲ့....''

စိတ်မချနိုင်စွာမှာတမ်းခြွေမိရင်း
အနမ်းမိုးတို့စွေမိပြန်တယ်...
မျက်စိနဲ့ကြည့်မိသမျှနေရာတိုင်းက
စိတ်ရှိလက်ရှိ နမ်းပစ်ချင်စရာချည်း...

သူ့ခန္ဓာကိုယ်ကို လာပွေ့ဖက်ပြီး
မျက်နှာတစ်ပြင်လုံးအနံ့ အနမ်းခြွေလေ
တဲ့ Phi ကိုအလိုက်သင့်မျက်လုံးမှိတ်
ထားရင်းကြည်နူးစွာခံယူမိတယ်...

ကြင်နာစွာထိကပ်လိုက်သည့်နေရာတိုင်း
မှာ နွေးထွေးလျက်...
မြတ်နိုးစွာနမ်းသည့် အနမ်းကပင်
Krist ကိုရင်ခုန်မြန်စေပါလေ၏....

မိမိဆန္ဒအတိုင်းဆို ဒီပုံစံအတိုင်း နှစ်ဆယ့်
လေးနာရီအပြည့်နေချင်ပါသော်လည်း..
ဒီနေ့တော့ အရေးကြီးကိစ္စတွေရှိနေသေး
တာမို့ Phi ရဲ့ ရင်ဘတ်ကိုလက်နဲ့တွန်းကာ ရုန်းထွက်ရ
သည်...

ဒါတောင် Phi က မမှီတမှီနဲ့ နမ်းနေတုန်း

"တော်တော့ Phi ရယ် အဝတ်တွေကြေကုန်လိမ့်မယ်....''

ခေါင်းကိုတိမ်းဖယ်ရင်း အနမ်းတို့ကို
ရှောင်ဖယ်ရသည်...

သူ့ရဲ့ Phi ကတော့ တကယ်ကို ချစ်နိုင်
ဂရုစိုက်နိုင်သူကြီးပါပဲ..

Poison Of PastWhere stories live. Discover now