Ep...2(z&u)

1.4K 100 3
                                    


""""""""""""""

ဘေးတစောင်းအိပ်ပျော်နေတဲ့
သူ့ကို လက်တစ်ဖက်က လည်ပင်းအောက် ထိုးယူကာ
ကျန်လက်တစ်ဖက်က ခါးပေါ်ကနေ
သိမ်းဖက်သည်

အိပ်ခန်းထဲဝင်လာထဲက နိုးနေသည်မို့
ရေချိုးခန်းထဲ ရေဝင်ချိုးတာလည်း
သိသည်
အရင်နေ့တွေလိုဆို ဘယ်လောက်ပဲအိပ်
ချင်နေနေ ထပြီး အဝတ်အစား
ထုတ်ပေးနေကျ
ပြီးပြီဆိုမှ အစ်ကို့ရင်ခွင်ထဲတိုးကာ
အိပ်သည့်အမျိုး

ခုတော့ဖြင့်....
သူ့တစ်ယောက်ထဲအတွက် မဟုတ်တော့
သည့် အစ်ကို့ရင်ခွင်က
နွေးထွေးမှုတို့ လျော့ပါးနေတော့မည်

"ကိုယ်တောင်းပန်ပါတယ် ကလေးရယ်
နော် ကိုယ့်အလုပ်ကအရမ်းအရေးကြီး
နေလို့ပါ နှစ်ချုပ်တော့မှာဆိုတော့
အကုန်လုံးက အချိန်ပိုဆင်းနေကြရတာ
ကိုယ်ကအကြီးဖြစ်ပြီး ပြန်လာလို့မရဘူး
လေ ကလေးလည်းသိပါတယ်..."

စိတ်ကောက်နေသည်ထင်၍
နား နားကပ်ကာ ချော့နေသော
အစ်ကို့စကားတို့သည်
ပျော်ဝင်ချင်စရာမကောင်းတော့
အစ်ကိုအချိန်ပိုဆင်းရသည့် company
က မိန်းမတစ်ယောက်နဲ့ကုတင်ပေါ်မှာ
ဆိုတာ ကိုယ့်မျက်မြင်ပဲမို့

နေပါဦး ထိုမြင်ကွင်းကိုပြဖို့
သူ့ကို အစ်ကိုကိုယ်တိုင် Hotel ကို
ခေါ်ခဲ့တာပဲလေ

"လှည့်ပါဦးကွာ....."

အတင်းဆွဲလှည့်နေသော အစ်ကို့ကြောင့်
စိတ်မပါသော်လည်း လှည့်ပေးလိုက်သည်
ခေါင်းကိုတော့ လုံးဝမမော့....
အတင်းမေးကနေကိုင်ကာ ဆွဲမော့နေတဲ့
အစ်ကို့လက်ကိုဆွဲချပေမယ့်
အစ်ကို့အားနဲ့သူ့အားနဲ့က.......

"ကြည့်ပါဦးကွာ..ငိုထားလိုက်တာ...
ဘာလို့ဒီလောက်ငိုရတာလဲ ခါတိုင်းလည်း
ဒီလိုပဲနောက်ကျနေကျကို..."

နားထောင်ရသလောက်ကတော့
ဒီနေ့က သူတို့ရဲ့သုံးနှစ်ပြည့်နှစ်ပတ်လည်
ဆိုတာကို လုံးလုံးသတိမရသေးသည့်ပုံ

"ကလေး.....ကိုယ့်ကိုမျက်လုံးဖွင့်ကြည့်ပါ
ဦးကွာ....ဟော...မျက်ရည်ကကျလာပြန်ပြီ
မငိုနဲ့တော့လေကွာ ဒီမှာဖောင်းကားနေပြီ
ကို နာနေတော့မှာပဲ..."

Poison Of PastWhere stories live. Discover now