Ep...14(z&u)

1K 86 2
                                    


"""""""""""""""""""""

"မြေး.......''

"ပြောလေ ဘိုးဘိုး...''

ဘိုးဘိုးရဲ့ခြေသည်းတွေကို ညှပ်ပေးနေရင်းက မော့ကြည့်ပြီး
ပြောလိုက်သည်

ဘိုးဘိုးရဲ့အပြုံးတို့က အဓိပ္ပာယ် တစ်ခုခု
ဆောင်နေသလို...

"မြေး ကြည့်ရတာ အဆင်ပြေနေသလိုပဲ
လို့....''

သွားတွေပေါ်သည်အထိ ရယ်ပြလိုက်ပြီးမှ

"အရမ်းကိုအဆင်ပြေတာပေါ့...ဘိုးဘိုးရဲ့
ခုဆို ဘိုးဘိုးကိုလာတွေ့ချင်တဲ့အချိန်တိုင်း
လာတွေ့လို့ရပြီ ဖေဖေလည်းစိတ်ဆိုးပြေ
သွားပြီ....''

"Singto နဲ့ရော အဆင်ပြေလား...''

ဘိုးဘိုးဘာသဘောနှင့်မေးသည်လဲ
ဆိုတာကို အရင်မော့ကြည့်မိလိုက်သည်

"တစ်မျိုးမထင်နဲ့ မြေး....ဘိုးဘိုးဆိုလိုတာ
က မကြာခင်တော်စပ်ရတော့မယ့်
ယောက်ဖနဲ့ အဆင်ပြေရဲ့လား သိချင်
တာ...''

"ပြေပါတယ် ဘိုးဘိုးရဲ့...သူက
သဘောကောင်းပါတယ်..''

"အင်း...''

သဘောကောင်းလွန်းလို့ ခက်ရပါတယ်
ဘိုးဘိုး....
ဟိုအရင်က အကြိုအပို့ကိုနေ့တိုင်းမမှန်
ပေမယ့်
ခုတော့ သွားရမည့်အချိန်ပြန်ရမည့်အချိန်ကို
အတိအကျမေးကာ ကြိုပို့တတ်သည်

သူ့အိမ်မှာပင်မနေပဲ
Krist နေတဲ့အဆောက်အဦးကို
ပြောင်းလာနေသည်အထိ

ထိုဂရုစိုက်မှုများကို ရိုးသားတယ်လို့
မထင်တာ Krist မလွန်ဘူးထင်တာပါပဲ..

ဒါပေမယ့်
Phi Sing မရိုးသားလည်း သူကတော့
ရိုးသားရပါလိမ့်မည်...
ပြီးတော့..
Phi Sing လည်း ရိုးသားဖို့ကြိုးစားလိမ့်မည်....

"မြေး.....''

"ဗျာ........''

တစ်ခုခုပြောချင်နေတာသိသာနေ
သည်မို့

"ဘိုးဘိုး ကျွန်တော့ကိုဘာပြောချင်လို့လဲ
ပြောလေ...''

"ဘာမှမဟုတ်တော့ပါဘူး...သိပ်အရေး
မကြီးဘူး...''

သူလည်း ဇွတ်မမေးတော့....
ဘိုးဘိုးမပြောချင်တာကို သူလည်း
မသိလိုတော့ပါဘူး...

Poison Of PastWhere stories live. Discover now