Ep...11(z&u)

993 78 3
                                    

"""""""""""

"Hello Phi Sing လား....''

"အမ်....အင်း.....ဟုတ်တယ်...ပြောလေ..''

silent မလုပ်ထားမိသည့် သူ့ကိုယ်သူ ပဲ
စိတ်တိုမိတော့သည်
ညကြီးအချိန်မတော် ဒီကလေးမ
ဘာလို့ဖုန်းဆက်ရသည်လဲ....

"Phi Sing.... Phi Kit ဆီ ခုရက်ပိုင်း
သွားဖြစ်သေးလား....''

!! နေ့တိုင်းလိုလိုကိုသွားနေတာ...!!

ဆိုတဲ့အမှန်တရားကိုတော့ ဖြေလို့မဖြစ်ပါ

"ဘာဖြစ်လို့လဲ..... ကိုယ်မသွားဖြစ်ဘူး...''

"Phi Kit အဆင်ပြေရဲ့လား.....
သူ့ကြည့်ရတာ တကယ်ပဲ အဆင်ပြေတဲ့ပုံ
ပေါက်ရဲ့လား....''

ငိုသံဘက်ကို
ပြောင်းသွားတဲ့အသံကာလာကြောင့်
သူရင်ထဲထိတ်သွားသည်

"Pink....Pink...အဆင်ပြေရဲ့လား...
ဘာဖြစ်နေတာလဲ ကိုယ့်ကိုပြော...''

"Pink အခု Phi Kit ရဲ့အမျိုးသားဆီက
ပြန်ခဲ့တာ....သူပြောတာက Phi နဲ့
သူနဲ့က ကွာရှင်းခဲ့ပြီးပြီတဲ့...Phi က
Pink တို့နဲ့အတူနေဖို့ သူ့ကိုကွာရှင်းခဲ့တာ
တဲ့....ို...Phi ပြန်ခဲ့
တာမှ ခြောက်လလောက်ပဲရှိသေးတာကို
ဒီလူက မိန်းမနဲ့ကလေးတောင်ရနေပြီ...
Phi Kit....သူ...''

"Pink.....Pink.....မငိုနဲ့လေ....Kit
ဘာမှမဖြစ်ဘူး....သူအဆင်ပြေတယ်''

"ဟင့်အင်း......မဖြစ်နိုင်ဘူး....သူ အဆင်မပြေဘူး....Pink သိတယ်....
ဒီလူအတွက် သူ အားလုံးစွန့်လွှတ်ခဲ့တာ
သူတစ်ယောက်ထဲ ပြန်လာကတည်းက
Pink သိခဲ့ရမှာ...''

Pink ရဲ့သူ့အစ်ကိုအပေါ်ထားတဲ့ ချစ်ခင်တဲ့စိတ်
ကလေးဟာ...
Nora သူ့အပေါ်ထားတဲ့ ချစ်ခင်စိတ်ထက်
သာနေပါလိမ့်မယ်..ထင်သည်

"Ok....Pink....Pink...စိတ်အေးအေးထား...စိတ်မပူနဲ့ ဟုတ်ပြီလား....ကိုယ်
သူ့ကိုကောင်းကောင်းဂရုစိုက်မှာမို့လို့...
ကိုယ့်ကိုယုံ...နော်...''

"ဟုတ်ကဲ့ Phi Sing ကို Pink ယုံပါတယ်
Pink Phi Sing အိပ်နေတာကို
နှောက်ယှက်မိပြီထင်တယ်...အဲ့မှာ ညသန်းခေါင်ဖြစ်နေတော့မှာကို..
ရုတ်တရက် ဆိုတော့ Phi Kit ကို
စိတ်ပူသွားလို့....''

"ရတယ် ကိစ္စမရှိပါဘူး....''

"ဒါဆို Pink ဖုန်းချလိုက်တော့မယ်နော်
Phi ပြန်အိပ်တော့....''

Poison Of PastDonde viven las historias. Descúbrelo ahora