အပိုင်း ၂၃

Start from the beginning
                                    

ရှီးယန်က စားပွဲအစွန်းနားတွင်ထိုင်နေရင်းမှ
ချီရှန်း၏စကားကြောင့် သူ့အား ကျောခိုင်းထားသော
ချီရှန်းအား နောက်ဘက်မှ နေ၍ ဖက်တွယ်လိုက်သည်။

"မဟုတ်ပါဘူး...အကို့ကိုမယုံလို့မဟုတ်ပါဘူး
ကျွန်တော့ အကို့ဆီကလည်း ဘာမှမလိုချင်ပါဘူး"

ချီရှန်းက သူ၏ခါးကို ဖက်ကာထားသော
ရှီးယန်၏လက်နှစ်ဖက်အား သူ၏လက်နှစ်ဖက်ဖြင့်
တဖြည်းဖြည်း ချင်း ဖြုတ်ချလိုက်ပြီး
ရှီးယန်ဘက်သို့လှည့်လိုက်သည်။

ရှီးယန်က ခေါင်းကိုငုံ့ကာထားရင်း
ဆက်ပြောလာသည်။

"ကျွန်တော်...ကျွန်တော်...လိုချင်တာက...
အကို ကျွန်တော့ကို ချစ်လာဖို့ပါ....

ကျွန်တော်အဲ့တစ်ခုပဲ...အဲ့တစ်ခုပဲမျှော်လင့်တာပါ
မရနိုင်ဘူးလား...အကိုကျွန်တော့ကို
ပြန်မချစ်နိုင်ဘူးလား....."

"ငါ့မှာ မင်းအတွက်ခံစားချက်မရှိဘူး..."

ရှီးယန်က ထူးဆန်းလှသော
မျက်ဝန်းတစ်စုံဖြင့် ချီရှန်းအားမော့ကြည့်လာသည်။

သူက ရုတ်တရက်ပင် ချီရှန်း၏
ရင်ဘတ်ရှိကုတ်အင်္ကျီ၏အစနှစ်ဖက်ကို
လက်ဖြင့်တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး
ခြေဖျားထောက်ကာ ချီရှန်း၏ နှုတ်ခမ်းတစ်စုံနှင့်.သူ၏နှူတ်ခမ်းတစ်စုံအား ထိတွေ့ရန်ကြိုးစားလိုက်သည်။

ချီရှန်းက အစဦး ငြိမ်ကာရပ်နေသော်လည်း
နီးကပ်လာသည့် မျက်နှာတစ်ခုကြောင့်
သူ၏ ခေါင်းအား တခြားတစ်ဖက်သို့လှည့်လိုက်သည်။

ရှီးယန်က ထိုအပြုအမူကြောင့်
လက်ကိုပြန်ချလိုက်ပြီး ပုံမှန်အတိုင်းပြန်ရပ်ကာ
ရီလေသည်။

"ဟားဟား...... အခြေအနေက
သိပ်မကွာဘူးပဲ....အင်းလေ...ဘာပဲဖြစ်ဖြစ်
အကို အဲ့ကောင်လေးကို မသိဘူးဆိုတော့
နောက်တခါ နှောက်ယှက်လာရင် ကျွန်တော်အကို့အစား သူ့ကိုထောင်ထဲထည့်ပေးမယ်...
ဟူတ်ပြီလား....."

ချီရှန်းက သူ၏ခုံနေရာတွင်အေးဆေးစွာပင်
ပြန်ထိုင်လိုက်ပြီး

"ကြိုက်သလိုလုပ်......."

ရှီးယန်က ချီရှန်းကို လက်ပိုက်ကာပင်
ပြုံးချက်ကြည့်နေသည်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now