အခန်း (၄၉)

Start from the beginning
                                    

ဟိုတယ်၏ ခန့်ညားလှသည့် ဝင်ပေါက်ကို ကြည့်ရင်း မိုဝူကျီသည် ကမ္ဘာမြေမှ ကြယ်ခြောက်ပွင့် ဟိုတယ်သို့ ပြန်ရောက်သွားသည်ဟု ခံစားမိလိုက်သည်။ မိုဝူကျီ ဟိုတယ်ထဲ ဝင်လာသည့်အချိန်တွင် မိန်းမလှလေးသည် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည် "နေစရာ အခန်း ရှာတာပါလား ဒါမှမဟုတ် လူလာ ရှာတာပါလား...."

"နေစရာအခန်း လိုချင်လို့ပါ.... အခန်းလွတ်များ ကျန်သေးလား...." မိုဝူကျီသည် အလျှင်စလို မေးမြန်းလိုက်သည်။

မိန်းကလေးသည် ပြုံးကာ "ကျွန်မတို့ရဲ့ သာမာန်အခန်းတွေနဲ့ အထူးအခန်းတွေက အးလုံးပြည့်နေပါပြီ....ဒါပေမဲ့ သာလွန်အဆင့် အခန်းကျန်ပါသေးတယ်.... အဲဒီအခန်းမှာ နေတဲ့လူက အခုလေးတင် ထွက်သွားလို့ပါ.... တကယ်လို့ ရှင် အလိုရှိရင် နှစ်လစာ အပြည့်ပေးချေရန် လိုအပ်ပါတယ်....."

မိုဝူကျီသည် ဟိုတယ်မှ ကမန်းကတန်းထွက်လာသည့် အမျိုးသမီးအား အမှတ်ရလိုက်သည်။ သူမသည် ထိုအခန်းမှ ထွက်လာသည့် သူဆိုလျှင် သူသည် အမှန်တကယ် ကံကောင်းလှပေသည်။

"နှစ်လတာအတွက် ဘယ်လောက် ကုန်ကျမလဲ...." မိုဝူကျီသည် မိန်းကလေးအား စကားဆုံးအောင် မစောင့်ဘဲ ချက်ချင်း ဝင်ပြောလိုက်သည်။

မိန်းကလေးသည် ပြုံးမြဲပြုံးကာ အေးအေးဆေးဆေး ရှင်းပြလိုက်သည် "အခုက နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံဆိုတော့ ကျွန်မတို့ အခန်းတွေက တန်ဖိုးဆယ်ဆ တက်သွားပါတယ်.... ကျွန်မတို့ သာလွန်အဆင့် အခန်း က တစ်လကို ရွှေပြားတစ်သောင်းကုန်ကျမှာဖြစ်ပြီး နှစ်လအတွက် ရွှေပြား နှစ်သောင်းကျမှာပါ......"

မိုဝူကျီသည် လေပူများ မှုတ်ထုတ်လိုက်သည်။ ဈေးနှုန်းသည် ရိုးရိုး မြင့်ခြင်း မဟုတ်ပေ။ အဆမတန် မြင့်နေခြင်း ဖြစ်နေ၏။

အကယ်၍ သူသည် ပင်နီဆလင်မှ ပိုက်ဆံအမြောက်အမြား မဝင်ခဲ့လျှင် သူသည် ထိုအခန်းအား ရွေးချယ်နိုင်မည် မဟုတ်ပေ။

"ဒီမှာ ရွှေပြားနှစ်သောင်းပါ..... နှစ်လနေမယ်......" အဆမတန် ဈေးမြင့်သော်လည်း မိုဝူကျီသည် အံ့ကိုကြိတ်ကာ ရွှေပြားတစ်သောင်းတန်သည့် ဘဏ်ချက်လက်မှတ်ကို ထုတ်ပေးရန် တွန့်ဆုတ်မနေတော့ချေ။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now