အခန်း (၄၉)

1.4K 213 4
                                    


အခန်း (၄၉) : ထျန်းလော်ဟိုတယ်တွင် နေထိုင်ခြင်း


ယောင်ကျိုးတွင် စက်မှုလုပ်ငန်းများစွာ ရှိ၏။ သဘောတရားအရ ချန်လောင်သည်ကား ပို၍ အဆင့်မြင့်သော နည်းပညာများနှင့် စက်မှုလုပ်ငန်း ပို၍ ဖွံဖြိုးတိုးတက် သင့်ပေသည်။ သို့သော်လည်း မိုဝူကျီသည် ချန်လောင်တွင် နည်းပညာထက် ယဉ်ကျေးမှုအနုပညာတွင် ပို၍ အသားပေးထား၏။ အဆောက်အဦးများနှင့် ခန်းမများသည် သမိုင်းထဲသို့ ပြန်ရောက်သွားသည့် ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။

ဈေးဆိုင်များသည် ရှေးဟောင်းဆိုင်များကို ပြန်၍ အမှတ်ရစေ၏။ ထို့အပြင် ဈေးဆိုင်များအားလုံးသည် ကြီးကျယ်ခမ်းနားကာ လှပကြသည်။

မိုဝူကျီသည် နေထိုင်စရာရှာရန် တတ်နိုင်သမျှ မြန်မြန် လိုအပ်နေသည်။ နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံနှင့် ဆိုလျှင် နေစရာများသည် အမြန်အဆန် ပြည့်သွားပေလိမ့်မည်။ အကယ်၍ သူအချိန်ဆွဲနေပါက လမ်းမထက်တွင် အိပ်စက်နေရပေလိမ့်မည်။

မိုဝူကျီ၏ ခန့်မှန်းချက်သည် မှန်ကန်လှသည်။ သူသည် ဟိုတယ်အမြောက်အမြားကို သွား၍ စုံစမ်းခဲ့သော်လည်း အခန်းမရခဲ့ချေ။

မိုဝူကျီသည် သူ့စံနှုန်းကို လျော့ချတော့မည့်အချိန်တွင် စာလုံးအကြီးဖြင့် ရေးထားသည့် "ထျန်းလော်ဟိုတယ်" ကိုတွေ့ရှိလိုက်သည်။

ထျန်းလော်ဟိုတယ်သည် လူရှုပ်သည့် အပိုင်းတွင် မတည်ရှိသော်ငြား လူပြတ်သည့်နေရာတွင်လည်း မဟုတ်ချေ။ ထို့အပြင် ထျန်းလော်ဟိုတယ်၏ အပြင်အဆင်သည် သူ အရင်သွားခဲ့သည့် တည်းခိုခန်းများထက် အဆများစွာ သာလေ၏။

မိုဝူကျီသည် ထိုသို့သော ဟိုတယ်မျိုးတွင် အခန်းမကျန်လောက်ဟု ခန့်မှန်းလိုက်၏။ သို့သော် သူသည် ရလိုရငြား ဟိုတယ်ထဲသို့ ဝင်သွားလိုက်သည်။ ထိုအခိုက်အတန့်တွင် ဟိုတယ်ထဲမှ အမျိုးသမီးသည် ခေါင်းကို ငုံ့ကာ အပြေးအလွှားထွက်လာလေသည်။ သူမသည် အလျင်စလို လျှောက်လှမ်းလာသောကြောင့် မိုဝူကျီကို ပခုံးလျှပ်ကာ တိုက်မိသွားလေသည်။ သာမာန် ပခုံးချင်းတိုက်မိသည် ဖြစ်သော်လည်း မိုဝူကျီသည် သူမတွင် လှပသောပုံပန်း သဏ္ဍာန်ရှိကြောင်း မြင်မိလိုက်သည်။ သူမသည် သေချာပေါက် မိန်းမလှလေး ဖြစ်ရမည်။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Donde viven las historias. Descúbrelo ahora