အပိုင်း ၁၉

Start from the beginning
                                    

အန်းလု မှန်ဘောင်နားရောက်လေတော့
မိခင်၏မျက်နှာပင်မတွေ့ရနိုင်တော့ချေ။
သူမ၏ ကိုယ်ခန္တာ တစ်ခူလုံးကို
ပိတ်ဖြူစတစ်ခုက ဖုံးအုပ်ကာထားသည်။

"မေမေ........"

အန်းလုချက်ချင်းပင် တံခါးရှိရာသို့
ရောက်သွားလိုက်ပြီး အထဲသို့အတင်းတိုးဝင်လေသည်။ သူနာပြုများက တားရန်ပြင်လိုက်သော်လည်း
ဆရာဝန်မက လက်အသာကာပြလိုက်သည်။

ကုတင်အနားသို့ အမြန်ရောက်သွားပြီး
သူမလဲလျောင်းနေသည့် ထိုကုတင်ဘေးတွင်ပင်
ဒူးထောက်ကာ ထိုင်ချလိုက်သည်။
ပိတ်အုပ်ကာထားသော သူမ၏ လက်တစ်ဖက်ကို
အန်းလု ထိတွေ့ရန်ကြိုးစားသည်။

မျက်ရည်များက ဒလဟော ကျဆင်းလျက်။
သူမ၏ လက်ကို ပိတ်စအပေါ်မှနေ၍
အမြန်ဖမ်းဆုပ်လိုက်ပြီး လှုပ်လေသည်။

"မေမေ....မေမေ...ထပါအုန်း....
သား...သား...ကိုတယောက်တည်း....
ထားခဲ့တော့မှာ..လား...သား...ပိုလိမ္မာပါ့မယ်
သားကို စိတ်မဆိုးပါနဲ့တော့နော်...သား...သား...
တောင်းပန်ပါတယ်..... မေမေ....."

ချီရှန်းက ကုတင်ဘေးတွင် ငိုနေသော
အန်းလုကို အခန်းပေါက်ဝတွင် ရပ်ကာ
ကြည့်နေသည်။
ယခုအချိန်ထိ ချီရှန်း၏ မျက်နှာက
အမူ အရာမဲ့နေဆဲပင်။

အချိန်အတော်ကြာတော့
အပေါက်ဝတွင် တခြားသူများရှိမနေတော့ပေ။
သေဆုံးသူအား ပို့ဆောင်ရန်
တာဝန်ယူထားသူများနှင့် ဆရာဝန်မ သူနာပြုမလေးများသာ ကျန်ရှိနေတော့သည်။

ဆရာဝန်မက အပေါ က်ဝတွင်
ကျောက်ရုပ်ကြီးသဖွယ်ရပ်ကာနေပြီး.
တည်နေရာတစ်ခုတည်းကိုသာ ကြည့်နေသော
ချီရှန်းကို လက်တို့ကာဆိုသည်။

"လက်လွှတ်သင့်တာကတော့
လက်လွှတ်ရမှာပဲ မင်းကသူ့ရဲ့အကောင်းဆုံး
အားဆေးတစ်ခုဖြစ်မှါပါ...အချိန်လည်းကြာနေပြီ
သေဆုံးသူကို
ဆေးရုံရဲ့ ရေခဲဆောင်ကိုပို့ဖို့ အချိန်ရောက်နေပြီ.."

ချီရှန်းက ခေါင်းအသာ ညိမ့်ပြသည်။
ပြီးနောက်သူက အန်းလုဆီသို့
သွားပြီး အန်းလု၏ ကျောပြင်အား အသာပွတ်ပေးကာ

"အန်းလု......."

အန်းလုက ချီရှန်းကိုလှည့်ကာကြည့်သည်။
သူ၏နောက်တွင်ပါလာသော
သူများက ကုတင်ထက်ရှိ မိခင်အလောင်းအား
သယ်ဆောင်ရန် စတင်နေကြသည်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now