" ငါ .. ငါ့ကို ပေးပါတော့ကွာ ငါ အဲ့ဒါအရမ်းလိုနေပြီ။ မရရင် ငါ့ကို သတ်မှာ "

ပစ္စည်းလည်း ကိုယ်တိုင်မသုံးရတာကြာတော့ ဆေးကြောင်ကြောင်နေပြီဆိုတာ အသိအသာ။ ခြိမ်းခြောက်လိုက် တောင်းပန်လိုက်လုပ်နေတဲ့ Jack က ကုတင်ခြေရင်းမှာ လာထိုင်ကန်တော့နေတယ်။

" ဒါ ဘာတွေလဲ Kong ... pop ? "

Jack ကို တစက်လေးမှတောင် မကြည့်ဘဲ ပြတင်းပေါက်ဘက်ကို မျက်နှာလွှဲထားရာကနေ တံခါးဝက Arthit အသံကြောင့် တအံ့
တသြနဲ့ Kongpop က လှည်ကြည့်တယ်။

ခြင်းကြီး တစ်လုံးနဲ့ ဘာတွေ သယ်လာမှန်းတော့ မသိ။ ထိုင်ကန်တော့နေတဲ့ Jack ကို မျက်လုံးပြူးကြည့်ကာ လန့်နေပုံရတဲ့ Arthit ကလည်း  အခန်းထဲကို ဝင်ရမလား ပြန်ထွက်သွားရမလား စဉ်းစားနေပုံပင်။

Jack က အသံလာရာဆီကို မော့ကြည့်ပြီး Arthit လက်ထဲက ခြင်းကို ပြေးဆွဲကာ

" ငါ့ပစ္စည်းတွေလား !? ငါ့ ပစ္စည်းတွေမလား ? "

" ဘာပစ္စည်းလဲ !? ဒါ Kongpop အတွက်သယ်လာတဲ့ ဟာတွေ ! "

ဆွဲခြင်းတောင်းကို ပြန်ဆွဲလုရင်း စွာနေတဲ့ Arthit ကို ကြည့်ကာ သူ့မှတ်ဉာဏ်တွေက ဘားပေါ်က ဖန်ခွက်တစ်ခွက်ဆီ ....။

" မုဒိန်းကောင် !!! မုဒိန်းကောင် ... မင်း ငါ့ကို ဘယ်တုန်းကမှ မပိုင်ခဲ့ဘူး ... "

နားထဲမှာ ဆူဆူညံညံတွေ စုပြုံလာတာနဲ့အတူ နားနှစ်ဖက်ကို ပိတ်ထားကာ တွေးမိတာက

ငါက မုဒိမ်းကောင် .. ဟုတ်တယ် ငါက မုဒိမ်းကောင်ပဲ!

" ဒါ မင်းရဲ့ ကစားစရာအရုပ်လေး မဟုတ်ဘူးလား Kongpop ? "

Jack ရဲ့လက်က Arthit ရဲ့ မေးစေ့ကို လှမ်းကိုင်တော့ Arthit က မျက်နှာကို ရှုံ့တွလိုက်ရင်း လက်ကို လှမ်းရိုက်ကာ

" ရွံလိုက်တာ .. မင်း ငါ့ကို ဘာများမှတ်နေလဲ ? ငါ ... ငါက သူ့ကစားစရာမဟုတ်ဘူးး .. သူနဲ့ တရားဝင်ယူထားတဲ့ သူ့ယောက်ျား !!! "

Jack နဲ့ Arthit တစ်ယောက်တစ်ခွန်းပြောနေကြတဲ့ ရန်ပွဲထဲကို Kongpop က ဝင်မပါဘဲ ကုတင်ပေါ်ကနေ ငုတ်တုတ်ထိုင်ကြည့်တယ်။

ကိုယ့်ကို ရွံမုန်းနေတဲ့ P'Arthit က ဒီကို ဘာလာလုပ်တာလဲ ?

I want even your name , Arthit ( mpreg )Where stories live. Discover now