About Kong - 1

7.7K 409 40
                                    

20

ပင်လယ်စာကောင်းကောင်းရသည့်ဆိုင်လို့ မက်ဆေ့ခ်ျထဲမှာပါလာလို့ ဆိုင်ကောင်းကောင်းခေါ်လာပါတယ် ခုထက်ထိဟင်းပွဲတွေကနေ မျက်စိမခွာ လက်ကလည်း ဟိုခွက်နှိုက် ဒီဟာယူနဲ့ နောက်ဆုံး သူကြည့်လို့အရဆုံး နှုတ်ခမ်းလေးဟကာ ပါးစပ်ထဲကို ပလုတ်ပလောင်းထိုးသွတ်ပြီးအလုပ်များနေတဲ့ ရှေ့ကအပုကို လက်ပိုက်ပြီးသာကြည့်နေရတဲ့ ကိုယ့်အဖြစ်က......  ။

ကိုယ့်အဖြစ်က....  မကြိုက်သောအစားအစာဖြစ်သောငြားလည်း ဟော့ဒီတောသားလေးက ငမ်းငမ်းတက်ဖြစ် နေလို့ လိုက်ထိုင်စားပေးနေရတယ်ပေါ့။

ကိုယ့်အဖြစ်က ကိုယ့်လိုချောလွန်းတဲ့သူက ကျကျနနနဲ့ အခန့်သားလက်ပိုက်ထိုင်ကြည့်နေတာတောင် ရှေ့ကကိုယ့်ကိုတောင်ရှိသည်ထင်ရဲ့လားမသိတဲ့ အစားပဲမက်နေတဲ့ပိစိကွေးဆီက အာရုံမရလာတာမျိုးပေါ့...  ကိုယ်ပြောချင်တာသိတယ်မလား ????

တကယ်တမ်းကိုယ့်အဖြစ်က ကောင်းရောင်းကောင်းဝယ်လုပ်စားနေသူအဖြစ်ကနေ ဆရာဝန်ဘဝကို လိမ်လည်ပြီးရောက်သွားရသလိုမျိုးပေါ့...  အဲ...  ဒါပေမယ့်တန်ပါတယ်လေ

" အဟမ်း !!! "

လည်ချောင်းတချက်ရှင်းပြလည်း အလိုက်ကမ်းဆိုးကနားမလည်...  အစားမပျက်။တမင်များ လုပ်နေသလား ?

" ဗိုက်ပွင့်ထွက်တဲ့အထိ ဆက်တိုက်ထည့်နေမလို့လား Rome ? "

တဖက်လူက စကားထဲမှာ သူ့နာမည်ပါလာမှ မျက်လုံးတချက်လှန်ကြည့်လာရင်း လက်ထဲကတူကိုချလာတယ်။ပြီးမှ ဘေးက Iced Lemon tea ကို စုပ်သောက်လိုက်ရင်း

" ဘာပြောမှာလဲ ? ပြောစရာရှိတာပြောလေ "

" ကိုယ်ပြောပြီးသားလေ။ မင်းအကြောင်း ကိုယ်ပိုသိချင်မိတယ် ကိုယ်တို့ ဒီ့ထက်ပိုရင်းနှီးအောင်ကြိုးစားချင်တယ်လို့...  အဲ့ဒာကြောင့် ခုလို ဒိတ်ဖို့ခေါ်လာတာပော့ "

" ဒိတ် !?....  ဒိတ်ဖို့ ?? "

Rome က အအေးသောက်နေရင်းကနေ ပိုက်ကို ပါးစပ်မှာတန်းလန်းကြီးနဲ့ စကားတွေအထစ်ထစ်ငေါ့ငေါ့ဖြစ်ရင်း မေးလာတော့  သူ ဝမ်းသာအားရနဲ့ခေါင်းညှိတ်ပြလိုက်တယ်။

I want even your name , Arthit ( mpreg )Where stories live. Discover now