Cas is missing

11.1K 865 57
                                    

" Kong ... P'Earth ​တော့ အိမ်ကို PhiChit ဘက် ​ပြန်ပြောင်းဖြစ်မယ်နဲ့ တူတယ် "

PhiChit ? အခုပဲ ပြန်လာခဲ့တဲ့ နေရာမလား ?

Earth က ထိုင်ခုံမှာ ဝင်ထိုင်ရင်း ပြောလာတော့ Kongpop နဲ့ Jeer ပါ အတူ လိုက်ထိုင်ဖြစ်တယ်။

" ဘာလို့ အဲ့အထိလဲ P'Earth ? ဒီမှာ လုပ်ရင်ရတာပဲဟာ.. P'Jeer ကိုပဲ သွားရင် သွားခိုင်း "

Jeer က Kongpop ကို စာအုပ်နဲ့ လှမ်းရိုက်ဖို့ ရွယ်နေတာ မြင်နေတဲ့  Earth က ခပ်တိုးတိုး ရယ်ရင်း Jeer လက်ထဲက စာအုပ်ကို လုလိုက်ကာ

" Jeer က ဒီမှာ နေခဲ့ရမှာ။ သားကသာ P' ကိုအခြေကျတဲ့အထိ လိုက်ကူပေး "

" နိုင်ငံခြားမှာ သွားနေတုန်းကတောင် ဘယ်သူမှ ဘာမှ လိုက်ကူမလုပ်ခိုင်းဘဲနဲ့ အခုကျတော့ ထူးထူးဆန်းဆန်း P'Earth က "

Kongpop ရယ်ကျဲကျဲနဲ့ ပြောတဲ့ စကားကို Jeer ကပါ ခေါင်းညိမ့်​ထောက်ခံတဲ့ပုံနဲ့

" အဲ့မှာ ဆရာဝန်လည်း အလုံအလောက်ရှိတာပဲဟာ .. ပြီးတော့ P' အတွက် တက်လမ်းမ
မြင်ပါဘူး အဲ့မှာဆို။ ဘာလို့ ​ပြန်သွားမှာလဲ ?"

" ... "

" ကျွန်တော်လည်း အဲ့နေရာကိုဆိုရင်တော့ လိုက်မကူချင်ဘူး "

တခြားနေရာသာဆို လိုက်ကူပေးဖြစ်ဦးမှာ။ ခု P'Earth သွားမယ့်နေရာက ကိုယ်ကိုယ်တိုင် P'Arthit ရှေ့မှာ နောက်တစ်ခါ
လာမရှာဘူးဆိုပြီး ပြောခဲ့တဲ့နေရာဖြစ်နေတော့... ။

ဒီတစ်ခေါက်တော့ ကိုယ့်ကို ရှောင်ဖို့ ​ပြောင်းပြေးသွားကြရမယ့်အဖြစ်မျိုးလည်း ထပ်မဖြစ်စေချင်တော့ပါ။ စိတ်ထဲမှာ တင်နေတဲ့ ဆပ်စရာ အပြစ်ကြွေးလည်း သင့်တော်တဲ့နည်းသုံးကာ ဆပ်ပြီးပြီးမို့ ထပ်သွားမပတ်သက်ချင်တော့။

" အဲ့ကို သွားကို သွားမှရမှာ။ အဲ့မှာ P'Earth အကြွေးဆပ်ရမယ့်သူတွေရှိနေတယ် သား .... P' ကို လိုက်ကူညီပေးပါနော် "

သေပါတော့ !!!
ဘာလို့ ကိုယ်တွေ မောင်နှမတွေက PhiChit က လူတွေနဲ့ အကြွေး မကင်းနိုင်ရတာလဲ ?

Jeer က မျက်လုံးပြူးမျက်ဆံပြူးနဲ့

" ပိုက်ဆံတွေ ဒီလောက်ပေါတဲ့သူက အကြွေးကျန်ရတယ်လို့ "

I want even your name , Arthit ( mpreg )Where stories live. Discover now