Beginning ( U )

13.9K 626 11
                                    

(စာရေးသူ၏ သတိပေးချက် : စိတ်ကူးယဥ်ရေးသားတဲ့ Fanfiction ဖြစ်ပါသဖြင့် အမျိုးသားကိုယ်ဝန်ဆောင် (Mpreg) ခြင်းအား မဖြစ်နိုင်သောအရာအဖြစ် ရှုံ့ချခြင်းမပြုရန် မေတ္တာရပ်ခံပါတယ်။ စိတ်ကူးယဥ်ဝတ္ထုဖြစ်သဖြင့် လက်ခံနိုင်မှသာ ဖတ်ရှုပေးပါရန်။

သုံးထားသည့် နာမည်များပိုင်သော နဂိုကာရိုက်တာများနှင့် သရုပ်ဆောင်များကို နစ်နာထိခိုက်အောင်ရေးသားလိုစိတ် မရှိပါ။)



" အော့ "

စားပွဲပေါ်မှာ တင်ထားတဲ့ဟင်းဆီက အနံ့ရလာတာနဲ့ အိမ်သာထဲကို ပြေးပြီး ဝင်အန်မိတော့တာမို့ နောက်က ပြေးလိုက်လာတဲ့ Rome က ကျောကုန်းလာထုပေးတယ်။

မှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်မျက်နှာဟာ လွန်ခဲ့တဲ့ သုံးလလောက်က အမြဲပြုံးနေတတ်ခဲ့တဲ့ Arthit ရဲ့မျက်နှာမဟုတ်တော့။ ပိန်ကျသွားတာကလည်း တခြားသူမြင်ရင် မှတ်မိမယ် မထင်။

လွန်ခဲ့တဲ့ သုံးလ ...

ဘဝကို စုတ်ပြတ်သွားစေနိုင်ခဲ့တဲ့ အချိန်ကာလ ... ပျော်ရွှင်နေတဲ့ဘဝလေးထဲကို အဲ့ဒီလူ ဝင်လာခဲ့တဲ့ ကာလ ... အဲ့ဒီလူကြောင့်နှစ်သက်ရတဲ့ အလုပ်ကိုပါ ထွက်ပြီး  ရှောင်ပြေးခဲ့ရတဲ့ ကာလ .. အဲ့ဒီမြို့လေးမှာ မနေနိုင်တော့လို့ Rome နဲ့အတူ ဒီမြို့ကို ထွက်ပြေးခဲ့ရတဲ့ ကာလ ..။

ခွမ်း !!

" Arthit ! "

မှန်ထဲကိုကြည့်ရင်း ကျလာတဲ့ မျက်ရည်တွေကြောင့် သည်းမခံနိုင်တော့တဲ့အဆုံး ဘေးနားက ဘီဒိုထဲက ဆေးဘူးတွေကို ဆွဲချပစ်လိုက်တော့ ဆေးပုလင်းတွေက ရေချိုးခန်းကြမ်းပြင်ထက်မှာ ကျကွဲကုန်တယ်။

" မင်း အရင်လို ပျော်ပျော်နေတတ်တဲ့သူ
မဟုတ်တော့ရင်တောင် ဒီလို အကြမ်းဖက်တဲ့
ပုံစံမျိုးတွေ မလုပ်ပါနဲ့လား !? ဒီရက်ပိုင်း မင်းနေထိုင်မကောင်းလို့ ဒီလိုတွေ ရစ်နေတာသိပေမယ့် ငါကြောက်တယ် Oon "

ဆေးလုံးတွေ ထိုင်ကောက်ရင်း ပြောလိုက်တဲ့ Rome စကားကြောင့် ​မှန်ထဲက ကိုယ့်ပုံရိပ်နဲ့ မြင်နေရတဲ့ Rome ပုံရိပ်ကို ပြန်ကြည့်မိတယ်။

I want even your name , Arthit ( mpreg )Onde histórias criam vida. Descubra agora