In-Laws ( U )

3.9K 331 3
                                    

ဘာကိုမှ စဉ်းစားလို့မရတော့ ..

ပြန်ပေးသမားတွေဘက်က မက်ဆေ့ချ်ပို့လာတဲ့ ငွေပမာဏရဲ့နောက်မှာ ပါနေတဲ့သုညတွေကို မြင်ပြီးတာနဲ့တင် ကိုယ့်မှာ ရှိသမျှ အရာ အကုန်ရောင်းပေးရင်တောင် တဝက်လောက် မှီမယ်မထင်။

ဒါပေမယ့် အဲ့ထဲကလည်း Rome ရဲ့ ဆေးရုံဖိုးမှာ သုံးရမှာ :( ကံကြမ္မာကလည်း ဘဝတစ်လျှောက်လုံး ကံမကောင်းခဲ့တာတောင်မှ အားမနာ။ ခုထက်ထိ နှိပ်စက်လို့ကောင်းတုန်းပဲလား မသိ ?

ညက ပြန်သတိရလာတဲ့ Rome က မျက်ရည်တဝဲဝဲနဲ့ Kongpop ကို ဆက်သွယ်ပြီး သူ့တူလေးကို အရင်ရှာပေးပါလို့ တစ်ညလုံး ပြောနေတော့လည်း ပိုငိုချင်မိတယ် ။

Dr.Bright ကလည်း Rome ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ကိုယ့်ကို ဖိအားပေးနေဆဲ။ အခန့်မသင့်ရင် ဘာဖြစ်သွားမယ်ဆိုပြီး ပြောလွန်းလို့ စိတ်ဓာတ်တွေပါ ကျမိတဲ့အထိ :/

ဆရာဝန်က လူနာရှင်တွေ အားရှိအောင် အနည်းဆုံးတော့ ပြောပေးရမှာ မဟုတ်ဘူးလား ?

ဒီနေ့ဆို Cas ပျောက်နေတာ နှစ်ရက်မြောက်​။ဖုန်းတစ်ကောလ်နဲ့ မက်ဆေ့ချ်တစ်စောင်သာ
ရထားတဲ့ ကိုယ့်အဖို့က ရဲတိုင်ရင်လည်း ကလေးကို ချက်ချင်းရောင်းစားပစ်မယ်လို့ ခြိမ်းခြောက်ခံထားရတော့ ဘာမှလှုပ်မရ ...။

ခုချိန်မှ သွားပြီး Kongpop ကို ဆက်သွယ်ရင် ကောင်းပါ့မလား ?

ခေါင်းထဲမှာ အားကိုးစရာ လူတစ်ယောက်မှ
ပေါ်မလာတဲ့အဆုံး Rome ရဲ့ဖုန်းထဲက Kongpop နာမည်ကိုပဲ ကောက်နှိပ်လိုက်တယ်။

" .... ဟယ်လို ? P'Rome ? "

" ... ငါ .. Arthit "

" သြော် .. "

သြော် ? ဒါ တစ်လုံးပဲလား ? အရင်ကတော့ကိုယ့်မြင်ရင် ဘာပြောရမလဲတောင် စဉ်းစားစရာမလိုပဲ တဒေါက်ဒေါက်ပြောတဲ့သူဆီက သြော် တစ်လုံးပဲ ထွက်လာတာတဲ့လား!

" ငါ မင်းနဲ့တိုင်ပင်စရာရှိတယ် ..မင်း ဒီကို
လာပေးနိုင်မလား ? "

" မိသားစုကိစ္စရှိနေတော့ Bangkok ကနေ ဘယ်မှသွားလို့မရသေးဘူး။ P'Earth ရောပဲ ... ထူးထူးဆန်းဆန်း .. ဘာတိုင်ပင်မလို့လဲ P' ? လူချင်းတွေ့ပြီး ပြောချင်ရင် Bangkok ကို လာလေ "

I want even your name , Arthit ( mpreg )Where stories live. Discover now