In-Laws ( U )

Começar do início
                                    

" မင်း ... Rome ဆေးရုံတင်ထားတာလည်း
သိသိကြီးနဲ့ ငါ့ကိုအဲ့ကိုခေါ်တယ် ! ငါ အဲ့ဒီကိုပြန်သွားချင်လိမ့်မယ်လို့ မင်းထင်နေလား ? "

" မလာချင်လည်း တိုင်ပင်မနေနဲ့လေ "

" ဘာ !!! "

Kongpop ရဲ့ခနဲ့တဲ့တဲ့ ပြောတဲ့စကားကြောင့်
Arthit က ဒေါသတကြီး ထအော်လိုက်တော့ အိပ်နေတယ်လို့ ထင်ထားတဲ့ Rome ဆီက

" လိုက်သွားလိုက်ပါ .. Cas ကို သူ့အကူညီနဲ့မှ
ရှာလို့ရမှာ "

မိသားစုကိစ္စ မိသားစုကိစ္စ !!! Cas ကရော သူ့မိသားစု မဟုတ်လို့လား ? P'Earth ကလည်း ကိုယ် ပြောပြထားလို့ ကလေး ပြန်ပေးဆွဲခံထားရတဲ့ကိစ္စ ပြန်မပြောပဲ နေမယ့်သူမျိုး မဟုတ်။ ကလေးကို မမေးတည်းက စိတ်မပူတာ အသိသာကြီး :(

ဒီလိုရှုပ်ထွေးနေတဲ့အချိန်မျိုးမှာတောင် ကိုယွကို အောက်ကျခံပြီး လာရှာခိုင်းတဲ့ Kongpop ကို ဆွဲထိုးပစ်ချင်မိတယ် ။

" ငါ Cas ကိစ္စ တိုင်ပင်မှာ !! မင်းရဲ့ သား
ပျောက်နေတာနော် Kongpop :/ "

" သားကို ကျွန်တော့်အဖေရဲ့နာမည်အောက်ကနေ ရှာပေးစေချင်တာမလား? ကျွန်တော့်ဘက်က အဆက်အသွယ်တွေနဲ့ရှာရင် ခဏလေး တွေ့မယ်ဟာ .. ဘာလို့ အစောကြီးတည်းက အကူအညီမတောင်းတာလဲ ? "

" ..... "

" P' အကူအညီတောင်းလာမှာကို ကျွန်တော်က စောင့်နေတာ "

သားကို ချက်ချင်းမရှာဘဲ ကိုယ်အကူအညီတောင်းလာမှာကို စောင့်နေသေးတာတဲ့လား?
Kongpop ပြောနေတာတွေက ကိုယ် တွေးထားတာတွေနဲ့ ထပ်တူကျနေတော့ ဘာမှ ပြန်မပြောနိုင်ဘဲ ငြိမ်နေလိုက်မိတယ် ။

Kongpop အဖေရဲ့ အာဏာနဲ့တင် ကလေးကို
ချက်ချင်းပြန်တွေ့အောင် ရှာနိုင်တယ် ဆိုပေမယ့် ကိုယ် နဲ့ Kongpop နဲ့ ရတဲ့ ကလေးကို Kongpop မိဘတွေက သိကြတာမဟုတ် :(

" P' လာမှရမယ် :) ခေါ်တယ်ဆိုတာကလည်း အိမ်ကို အကုန်ဖွင့်ပြောပြီးမှ ကလေးကို ကျွန်တော့်အဖေရဲ့ အကူအညီနဲ့ ရှာရမှာမို့လို့ .. "

" ဟင့်အင်း :/ မင်းတို့မိသားစုနဲ့ ငါမတွေ့ချင်ဘူး ... မပတ်သက်ပါရစေနဲ့ "

I want even your name , Arthit ( mpreg )Onde histórias criam vida. Descubra agora