Castiel's Daddy ( U )

Start from the beginning
                                    

" ကျွန်တော် ခု ဆေးရုံဆင်းလို့ရပြီဆိုရင် ဆင်းပါရစေ "

" အင်း .. ဒါပေမယ့် .. "

" P'Earth ? ကလေးနဲ့ P'Arthit ကိုကျွန်တော်တို့အိမ်ကို ခေါ်သွားလို့ အဆင်ပြေလား ? "

" ငါ မလိုက်နိုင်ဘူး ! "

နေမကောင်းဖြစ်ပြီး အားနည်းနေတဲ့အချိန်မှာ Kongpop နဲ့ ငြင်းခုံမနေချင်။

ကလေးကို ခေါ်ချင်လည်း အ​ပြီးသာ ခေါ်သွားကြ... ဘာလို့ ကိုယ့်ကိုပါ အတင်းခေါ်ချင်နေရတာလဲ ?

" နေဦး နင်တို့နှစ်ယောက်က အကြီးဖြစ်တဲ့ ငါက ဘာမှမပြောရသေးဘူး စငြင်းခုံနေကြပြီ ! "

" .. "

" .. .. ကျွန်တော် ဒီကိစ္စကို လက်မခံနိုင်လို့ပါ။သူ့ကိုပြောပြီးသား။ ကလေးကို လိုချင်ရင်
Cas ကို သူ့ လက်ထဲထည့်လိုက်ပါ့မယ်လို့။ ကျွန်တော့်ကိုပါ ဆွဲထည့်နေတာ လက်မခံနိုင်ဘူး "

" Cas မလိုက်ဘူးနော် .. အဲ့ဦးလေးကြီးနဲ့ မလိုက်ဘူးနော် Papa တို့နဲ့ပဲနေမှာ "

ကုတင်ပေါ်ထိုင်နေရာကနေ ကိုယ်ပေါ်ကိုပြေးတက်လာပြီး ခွထိုင်ကာ ရင်ဘတ်ထဲ ခေါင်းတိုးဝင်လာတဲ့ Cas က Arthit ရဲ့ လည်ပင်းတွေကိုပါ တွဲခိုပြီး ကပ်နေရှာတယ်။

Arthit က မျက်မှောင်ကြုတ်ထားရင်း  ရင်ဘတ်ထဲမှာ မျက်နှာဝှက်ထားတဲ့ ကလေးကို ငုံ့ကြည့်လိုက်ကာ

" Cas ! ခုံမှာ ငြိမ်ငြိမ်သွားထိုင် "

" Pap.. "

" သွားမထိုင်နိုင်ရင် နောက်ဆို ဆိုင်မလာနဲ့ "

ခေါင်းခါပြကာ ငိုမဲ့မဲ့နဲ့ ကုတင်ပေါ်က ဆင်းပြီး
တံခါးဝနားမှာ ရှိတဲ့ ဆိုဖာခုံပေါ်ကို Cas တက်ထိုင်သွားတယ်။ ဒီအဖြစ်အပျက်ကို သေချာ
ကြည့်နေတဲ့ Kongpop က

" ကလေးက P' နဲ့နေချင်တာကို ဘာလို့
... ? "

" မင်းအပူမပါဘူး Kongpop ! အခုမှလာပြီး ငါ့ကို ဟိုပြောဒီသင်တွေလာမလုပ်နဲ့ ! မင်း
အလှည့်ကျမှ ကောင်းပေးလိုက် "

ရန်ဖြစ်တော့မှာကို သိနေတဲ့ Earth က နှစ်ယောက်လုံးကို လက်ကာပြရင်း

" နေဦး Kong .. ကလေးကို Arthit က
ဘယ်လိုဆက်ဆံဆက်ဆံ မင်းမှာ သူ့ကို
ပြောပိုင်ခွင့်မရှိဘူး။ သူ့မှာ မင်းမရှိဘဲ ကလေးကို မွေးခဲ့တာ ဒီအရွယ်ရောက်နေပြီ။ ပြီးတော့ မင်း သူ့ကို ဒီလိုတွေ အကြပ်ကိုင်နေတာတော်သင့်ပြီ "

I want even your name , Arthit ( mpreg )Where stories live. Discover now