ဆိုင်မှာ ဝယ်နေကျဖောက်သည်ရဲ့ယောက်ဖလေး..  <3

ဆေးရုံမှာ အကွက်ကျကျလိမ်ခဲ့ရတဲ့ Arthit ရဲ့ ညီလေး <3

ဒီအသက်အရွယ်အထိ မိန်းမသာပွေနေခဲ့တာ ယောက်ျားဆိုလို့ ခုလိုစိတ်မျိုးတခါမှမဖြစ်ခဲ့။ ဒီနှစ်နောက်ပိုင်းမှသာ ကားလာဝယ်တဲ့တချို့ဘောစိသေးသေးလေးတွေရဲ့အပြောအောက်မှာ မျောချင်ချင်ဖြစ်လာလို့ ကိုယ်ဟာ ဘာလဲမနည်းခွဲခြမ်းစိတ်ဖြာနေရတာ...
ဟော ခုတော့ N'Kong ရဲ့ကျေးဇူးကြောင့် အဖြေပြောပြတဲ့ ကယ်တင်ရှင်လေးနဲ့ တိုးလာတာပေါ့။

ဒါ့ကြောင့် လူတွေကိုကူညီကောင်းတယ်လို့ပြောတာ ... ကူညီတဲ့နည်းလမ်းက သန့်သန့်မသန့်သန့်ပေါ့ 😅

" ကျွန်တော် ခင်ဗျားနဲ့ဒိတ်ဖို့လာတာမဟုတ်ဘူး။ ပြီးတော့ ... ခင်ဗျား .. ခင်ဗျားနဲ့ ဒိတ်ရအောင် ကျွန်တော်ရူးနေတာမှမဟုတ်တာ ... ပြီးတော့ပြီးတော့ .. လူလိမ် "

လူလိမ် ???

လူလိမ်ဆိုတဲ့စကားကြောင့် သူ Rome ကိုကြည့်နေမိတဲ့ပြီတီတီအကြည့်တွေကို ချက်ချင်းရုပ်တည်နဲ့ဖမ်းရင်းပြန်သိမ်းလိုက်တယ်။တော်ကြာ နှာဘူးလို့အမည်တပ်နေမှဖြင့် !!!

" ကိုယ် လူလိမ်မဟုတ်ပါဘူးဆိုကွာ ဒုက္ခပါပဲ ကိုယ်ပြောတယ်မလား ကိုယ့်အလုပ်က ရိုးရိုးသားသားကောင်းရောင်းကောင်းဝယ်လေး။မင်းယောက်ဖရဲ့တောင်းဆိုမှုကြောင့် ခင်နေတာနဲ့ရက်ရက်ရောရောလုပ်ပေးဖြစ်တာ ...။နယ်လှည့်လိုက်လိမ်နေတဲ့ရုပ်လား ဒီရုပ်က ??? "

" အင်း ... "

ခေါင်းတဆတ်ဆတ်ညှိတ်ပြနေတဲ့ Rome ကြောင့် သူစားပွဲပေါ်ကိုလက်နှစ်ဖက်ထောင်တင်ရင်း ထိုလက်နှစ်ဖက်ကိုသုံးကာ ကိုယ့်ဆံပင်တွေကိုဆောင့်ဆွဲလိုက်မိတယ်။တကယ် စိတ်မရှည်တော့ ...

" ဒါဆို မင်းလည်းလူလိမ်ပဲ "

" ဘာပြောတယ် !! "

" မင်းလည်း ဒီလိမ်ဆင်ထဲမှာပါနေတဲ့တယောက်ပဲမလား လူလိမ်လေးရဲ့ "

" ခင်ဗျား !!! ဒါ ကျွန်တော့်အစ်ကိုနဲ့ယောက်ဖကို အဆင်ပြေစေချင်လို့ ..."

" အေး ကိုယ်လည်း အဲ့အတိုင်းပဲလေ ... ကဲ ပြော ??? ကိုယ်က အခုထိလူလိမ်ပဲလား ??? "

I want even your name , Arthit ( mpreg )Where stories live. Discover now