" တကယ်တော့...ကျွန်တော် မမကိုသော့လာပေးချင်နေတာ...အဲ့တာ...အခုတစ်ခါတည်း..."

သူကမ်းပေးလာတဲ့သော့ကို လင်းရောင်ခြယ်ကပြုံးယောင်သန်းစွာကြည့်လာတယ်...။ ဒါပေမဲ့ မယူတဲ့အပြင် သော့ကိုင်ထားတဲ့သူ့ရဲ့လက်လေးကိုပါဆုပ်ကိုင်လာတယ်...။

" ကိုလင်းက ခွန်းလေးအတွက်ပေးခဲ့တာမဟုတ်ဘူးလား...အမှန်ဆိုဒီအခန်းသော့က အရင်ကတစ်ချောင်းပဲရှိတာ...အခုမမမှာရှိတဲ့ဟာပေါ့...ကိုလင်းမသွားခင်ပြန်ပေးခဲ့တာ...ခွန်းလေးဆီမှာရှိတဲ့ဟာက သူနောက်မှခွန်းလေးကိုပေးချင်လို့ သပ်သပ်အပိုထပ်လုပ်ထားတာ...အဲ့တာကြောင့်ယူထားလိုက်ပါ...ဘယ်လိုပဲဖြစ်ဖြစ် ဒီအခန်းကလဲ ခွန်းလေးရဲ့အခန်းပဲမဟုတ်လား..."

ထိုစကားကြောင့် ခွန်းစစ်မင်း စိတ်မကောင်းဖြစ်သွားမိတယ်...။ သော့လေးကိုအိတ်ထဲပြန်ထည့်နေတုန်းမှာပဲ လင်းရောင်ခြယ်ကအခန်းလေးထဲဝေ့ဝဲကြည့်ရင်း ဆက်ပြောတယ်...။

" ဘာလိုလိုနဲ့တစ်လတောင်ရှိသွားပြီနော်...သူ မမတို့ကိုလဲလုံးဝဆက်သွယ်မလာဘူး...ဟင်း!...အမေ့ကိုလဲဘာမှမေးမရဘူး...တစ်ယောက်တည်းအဆင်မှပြေရဲ့လား..."

သူသက်ပြင်းလေးသာမသိမသာချမိရတယ်...။ ဒါပေမဲ့ ခေါင်းထဲကိုလဲ မေးခွန်းအချို့ကဝင်လာတာကြောင့် သူချက်ချင်းသတိရသွားပြီး လင်းရောင်ခြယ်ကိုပြောလိုက်တယ်...။

" မမ...ကျွန်တော်တစ်ခုလောက်မေးချင်လို့..."

" မေးလေ..."

" ကိုလင်းနဲ့မမက ဘာလို့ မမတို့အမေနဲ့အဆင်မပြေတာလဲ...နည်းနည်းခါးခါးသီးသီးဖြစ်လွန်းနေလားလို့...ကျွန်တော်အနည်းအကျဉ်းသိထားပေမဲ့...အခြားအကြောင်းအရာလဲရှိအုံးမယ်ထင်လို့...ကိုလင်းက သူ 'အမေ့ကိုတစ်ခါယုံပြီးပြီ ထပ်မယုံတော့ဘူး' ဆိုတဲ့ စကားမျိုးလဲပြောဖူးတယ်...ကျွန်တော့်ကိုပြောပြလို့ရမလား..."

ထိုအချိန် လင်းရောင်ခြယ်ရဲ့မျက်နှာလေးကတစ်မျိုးဖြစ်သွားတာကြောင့် သူကမန်းကတန်းဆက်ပြောလိုက်တယ်...။

" ဟို...ပြောလို့မရလဲရတယ်..."

" မဟုတ်တာ...ပြောလို့ရပါတယ်...မမက ခွန်းလေးသိပြီးလောက်ပြီထင်လို့ နည်းနည်းထူးဆန်းသွားတာ...ကိုလင်းကမပြောပြဘူးလား..."

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now