🍓 ѕιχтєєи

7.6K 916 117
                                    


" ဆိုတော့ကာ .. YiFan Hyungကဒီတစ်လအတွင်းAmericaကဆေးရုံကနေ ဒီဆေးရုံကိုအပြီးပြောင်းလာတော့မယ်ပေါ့ ! "

" အင်း ဟုတ်တယ် "

Luhanအမေးအားပီတိဖြာဖြာအပြုံးလေးတွေဖြင့်ခေါင်းလေးတစ်ချက်ညိတ်ကာပြန်ဖြေလိုက်သောTao ။ အတွဲကိုယ်စီရှိနှင့်နေကြပြီဖြစ်သောသူတို့သူငယ်ချင်းအုပ်စုထဲတွင်သူ့ခင်ဗျာအဝေးကချစ်သူကိုလွမ်းရင်းအထီးကျန်နေခဲ့ရတာလနဲ့ချီပြီးကြာခဲ့ပြီ ။

အခုတော့သူ့ရဲ့အထီးကျန်မှုလေးတွေကိုကုစားပေးမယ့်အဝေးကအချစ်ဒေါက်တာကြီးကသူ့နဲ့အတူနေရအောင်လို့ပြန်လာတော့မယ်လို့ပြောလိုက်တာနဲ့ ဒီကစပ်စလူးနတ်ပူးငါးရံပြာလူးအမောင်Taoတစ်ယောက်မှာအပျော်လုံးတွေစို့ပြီးရွပိုးထပြနေသည်မှာ အခုအချိန်ထိမစွံ့သေးတဲ့ ပေါက်စီMinseokတစ်ယောက်တောင်အမြင်ကပ်တဲ့ပုဒ်မဖြင့်ထဆဲလိုက်သည့်အထိပင် ။

တီ !!

ကွန်ပျူတာဘေးတွင်ချထားသောဖုန်းထဲသို့စာဝင်လာသည့်အသံကြားရသည်နှင့် Luhanတို့နဲ့အကျိုးကြောင်းဆက်ကာပြောနေမိသောစကားဝိုင်းထဲမှခဏထွက်လိုက်သော Baekhyun ။ ခြေစုံရပ်နေမိသည့်ကြမ်းပြင်သို့ တစ်ချက်ခြေစုံကန်လျက်ထိုင်နေသောဆုံလည်ကုလားထိုင်အားအနောက်သို့အနည်းငယ်ရွေ့စေသည် ။

ထို့နောက်စားပွဲခုံထက်မှောက်တင်ထားသောသူ့ဖုန်းလေးအားကောက်ကိုင်ပြီးဖုန်းမျက်နှာပြင်ကလေးအား လက်မကလေးဖြင့်တစ်ချက်အသာဖိပွတ်ကာဖွင့်လိုက်သောအခါ ...

💬 အရမ်းလွမ်းတယ် အသက် ♥
ကိုယ် ဒီညနေ လာကြိုမယ်နော် ♥ ♥
ချစ်တယ် အသက် ♥ ♥ ♥ 💬

တွေ့လိုက်ရသောကလေးဆန်ဆန်အသည်းပုံလေးတွေပုံထပ်နေသောစာလေးတစ်စောင်ကြောင့်သူပြုံးလိုက်မိသည်  ။

တကယ်ပါ ခါးသီးဝေးစွ ။ ချိုမြိန်ခြင်းတို့လက်ကမ်းလာသော အိမ်ထောင်ရေးနှင့် ကလေးဆန်ဆန်ကိုယ့်ကို အရင်ထက် အကဲပိုအသည်းပိုအချစ်ပိုပြတတ်လွန်းတဲ့ ကြင်နာသူကိုပိုင်ဆိုင်ထားရတဲ့သူ။

|| STRAWBERRY || 【SEASON - II】《COMPLETED》Where stories live. Discover now