🍓 тωєℓνє

7.5K 912 18
                                    


• Baek •

• ဟင် •

• ငါကြီးလာရင် မင်းကိုပဲလက်ထပ်မှာသိလား •

စကားအဆုံးယုန်သွားလေးတွေပေါ်သည်အထိပြုံးပြလာသော၆နှစ်သားယုန်ပေါက်စလေးJun Myeonအား ခေါင်းပေါ်ကညီညီညာညာစည်းထားသော ကြက်တောင်စည်းလေး နှစ်ခုလှုပ်ရမ်းသွားသည်အထိ ခေါင်းပြန်ညိတ်ပြလိုက်သောBaekhyun ။

• အဟက် .. ဆုတောင်းလေ ယုန်စုတ် .. မုန်လာဥပဲရမယ် •

မိုက်ခဲဒီဇိုင်းနှင့်မုန်လာဥနီတစ်ဥဖြင့်Jun Myeonအားပစ်ပေါက်ကာပြောလိုက်သော၆နှစ်သားနဂါးပေါက်စ Chanyeol ။ Jun Myeonဘေးတွင်ရှိသော Baekhyunကိုလက်မောင်းလေးကနေဆွဲမ၍သူ့ရင်ခွင်ထဲသို့ဆက်ခနဲဆွဲထည့်လိုက်ပြီး သူ့လုပ်ရပ်တို့အားအစအဆုံးမျက်မှောင်ကြုတ်ကာစိုက်ကြည့်နေသောJun Myeonအားမဲ့ပြုံးတစ်ပွင့်ဖြင့်ပြန်ကြည့်လျက် မျက်ခုံးတစ်ချက်ကို ပင့်ပြလိုက်ကာ ...

• ကလေးမသာလေးက ငါ့ဟာ .. မင်းဟာမဟုတ်ဘူး ယုန်စုတ် •

• ငါကဘာလို့မင်းဟာဖြစ်ရမှာလဲ သေချင်းဆိုးနားကား •

သူ့ရင်ခွင်ထဲပြန်တိုးထွက်ကာမြေပြင်ပေါ်တွင်သူပစ်ပေါက်ထားတဲ့မုန်လာဥနီလေးကိုကိုင်ပြီးဒေါကန်နေသောJunMyeonအနားသို့ Baekhyunပြန်ကပ်သွားခဲ့သည် ။

ထို့နောက်သူ့မျက်နှာအားတည့်တည့်ပြန်စိုက်ကြည့်လျက်ပြောလာသော အမှန်သတ်မှတ်မယူနိုင်သော ကလေးဆန်သော ၆နှစ်သား၏ စကား ..

• ငါကြီးလာရင်လည်းJunနဲ့ပဲလက်ထပ်မှာ .. မင်းနဲ့သေတောင်လက်မထပ်ဘူး .. ရှင်းတယ်နော် သေချင်းဆိုးနားကား •

ပြောခဲ့သူမှာထိုခံစားချက်အမှန်ရှိသလားမသိ ။ အပြောခံခဲ့ရသူသည်ကား ထိုစကားလေးတစ်ခွန်းလေးသည်ကား ယနေ့အရွယ်ရောက်လာသည်အထိတိုင်အောင် စိတ်ထဲလွှမ်းမိုးလို့နေဆဲပင် ။

~ ကိုယ်ကမင်းအတွက် Jun Myeonနဲ့ယှဉ်ရင် ငယ်ငယ်ကတည်းက မင်းပေးထားတဲ့ဒုတိယနေရာမှာပဲအခုချိန်ထိနေနေရစမြဲပါ အသက်ကလေး ~

တီ ... တီ !!!

တဆာဆာနှင့်မြည်နေသောဖုန်းလေး ။ ကိုင်ဖို့အင်အားမရှိ ။ နာကျင်နေသောနှလုံးသား ။ မျက်ရည်ခါးခါးတို့ဖြင့်ရင်နာနာနှင့်ချော့မြူပေးတာတောင်မလုံလောက် ။

|| STRAWBERRY || 【SEASON - II】《COMPLETED》Where stories live. Discover now