🍓 σиє

19K 1.2K 116
                                    


" Chanyeol ssiစင်ပေါ်တက်ဖို့အဆင်သင့်ပြင်ထားပေးပါ "

" ဟုတ်ကဲ့ "

ပြောလာသောဒါရိုက်တာရဲ့စကားအားကျွန်တော့်လက်ထဲသို့ရေသန့်ဗူးလေးထည့်ပေးရင်းကျွန်တော့်ကိုယ်အစားပြန်ဖြေပေးလိုက်သောသူမ ။ Kim Na Young ဆိုသည့် Agencyကခန့်အပ်ပေးထားတဲ့ကျွန်တော့်ရဲ့ မန်နေဂျာမလေး ။

အသက်အားဖြင့်ကြည့်လျှင်ကျွန်တော့်ထက်နှစ်နှစ်တိတိငယ်သော်လည်းအလုပ်လုပ်ရာတွင်စည်းစနစ်ကျကာတိကျသေချာလွန်းသည့်အပြင် ကျွန်တော့်မျက်နှာရိပ်မျက်နှာကဲကိုပါဖတ်တတ်ပြီး အရိပ်ပြသည်နှင့်အကောင်တန်းမြင်တတ်သည့်ဖြတ်ထိုးဉာဏ်ရှိတာကြောင့် မန်နေဂျာတွေတစ်ယောက်ပြီးတစ်ယောက် ဖြုတ်ခဲ့တဲ့ကျွန်တော့်အတွက်တော့သူမသည်အဆင်ပြေဆုံးပင် ။

" Chanyeol Oppa လက်ပတ် ! "

စင်ပေါ်တက်ဖို့လုပ်နေသည့်ကျွန်တော့်ကိုအနောက်မှလှမ်းသတိပေးသောသူမကြောင့် အင်္ကျီလက်ရှည်ဝတ်လို့ထားတာတောင်အနည်းငယ်ပေါ်ချင်နေသောညာဘက်လက်ကအမြဲလိုလိုဘုရင်တစ်ပါးကဲ့သို့စိုးစံ နေရာယူထားခဲ့သောအနီရောင်ချည်ကြိုးလက်ပတ်ကလေးကိုအင်္ကျီလက်ဖြင့်အသာလေးပြန်အုပ်ကာသူမအား တစ်ချက်ပြန်ပြုံးပြလျက်စင်ပေါ်သို့တက်လာခဲ့သည် ။

အခုကျွန်တော်ခြေစုံရပ်နေသည့်နေရာသည်ကားရိုက်ကူးရေးတစ်ခုကစတိတ်စင်ပေါ် ။ ရောက်နေရသည့် အကြောင်းအရင်းသည်ကား အသစ်ထွက်ရှိထားသော Comeback ဖြစ်သည့် LOVE Albumထဲမှာ title song ဖြစ်သော SSFW သီချင်းအေးအေးလေးဖြင့်ဖျော်ဖြေဖို့ပင်ဖြစ်သည် ။

၆နှစ်ကြာသွားခဲ့ပြီ ။ ၆နှစ်ကြာသွားခဲ့သည့်နှစ်အတောအတွင်းကျွန်တော့်အရှေ့တွင်မြင်တွေ့နေရသော အရာအားလုံးတို့သည်ကျွန်တော်သတိထားမမိလောက်အောင်ပင်သူ့အလိုလိုပြောင်းလဲစပြုသွားခဲ့သည် ။

Noonaဆိုရင်ဘိုးဘွားစဉ်ဆက်ပိုင်မိသားစုကုမ္ပဏီကိုဦးစီးဦးဆောင်အုပ်ချုပ်နေပြီး စီးပွားရေးနယ်ပယ်ထဲတွင်အသက်အငယ်ဆုံးအမျိုးသမီးစီးပွားရေးရှင်လို့နာမည်ကြီးပြီး ။ ကျွန်တော်သည်လည်းကျောင်းတတိယနှစ်တွင် Delight Agencyတွင်auditionဝင်ဖြေပြီး Idolတစ်ယောက်ဖြစ်ခဲ့သည်မှာ အခုဆိုလျှင်၄နှစ်တိတိရှိခဲ့သည် ။

|| STRAWBERRY || 【SEASON - II】《COMPLETED》Where stories live. Discover now