" ချစ်ခြင်းအားဖွင့်ဟဝန်ခံခြင်း "

245 22 0
                                    

တန်ဆောင်မုန်းလပြည့်ညဖြစ်သည့်အခါအားလျော်စွာ လမ်းနှင့် အိမ်ကြီးပတ်ခြာလည်တွင်ရောင်စုံမီးပုံးများနှင့်လှပလျက် တောင်ကြီးတန်ဆောင်တိုင်က ထူခြားလှသောအလေ့အကျင့်များပြည့်နှက်လျက်ရှိသည်။ အုပ်စုအဖွဲ့များဖွဲ့၍ ယှဉ်ပြိုင်ကြသည်။ ဗုဒ္ဓမြတ်စွာဘုရား ရုပ်ပုံများနှင့်မီးပုံးကြီးများ အခြားယုန်ရုပ် အခြားသော မီးပုံးများလည်းရှိသည်။

မီးပုံးလွှတ်တင်ရာတွင်မီးစာမှိုင်းဝအောင်တိုက်ပြီးမှသာလေငြိမ်ရာလေဆန်ရာ ရွေးချယ်လွှတ်ရသည်။ အန္တာရာယ်လဲများသလို လှပသည်၊ ပျော်ရွှင်မှုအတိပြီးသည်။

ထူခြားလှသောတန်ဆာင်တိုင်ပွဲတို့ကို ရှင်မင်းမြင်တွေ့လေလာခဲ့ပြီးဖြစ်သည်။ အခုတလောသူနှင့် မဟာကြားရှိလေထုက ငြိမ်သက်လျက်ရှိသည်။
ပွဲတော်ရက်များမို့အလုပ်ရှုပ်နေသလို ကိုယ်စီကိုယ်စီခံစားချက်များကြောင့် ဖြစ်သည်။ မဟာမှာလဲကျူးလွန်မိသည့်အမှားပေါ် လွန်စွာမှာရှက်မိနေသည်(အဲ သူကဘဲရှက်ရတယ်🙄😒) ..........

ရှင်မင်းတစ်ယောက်မဟာသူ့အားရှောင်ဖယ်နေသည်လား ထင်မိ၍ မဟာ့အားရှင်းပြရန်ကြိုးစားမိသည်။

မဟာတစ်ယောက်လေသာဆောင်တွင်ထိုင်ကာ အလှအပများကြည်ရှုခံစားလျက် အလုပ်ပင်ပန်းကာ ၊ ငြီးစိစိ ဖြစ်နေသဖြင့် ၊ ဆေးဖြစ်ဝါးဖြစ် ဘရန်နီတခွက် ဖြင့်ခေါင်းဆေးလျက်ရှိသည်။ ပမာဏမများလှစွာ နှစ်ပတ်ခန့်လောက်သာ သောက်မိသေးသည်။

ရှင်မင်းတစ်ရောက် မဟာ့အနားသို့ ဝင်ထိုင်မိသည်။ ခပ်ထူထူမျက်ခုံးမွေးများ စူးရှရှ တန်ဖိုးကြီးကြီးကျောက်များကဲ့သို့အဆင်းရှိသည့် မျက်လုံးနက်များ ၊ ခပ်ထင်းထင်းမေးရိုးကျနှင့်လွန်စွာမှ ခန့်ထည်လှသောမျက်နှာတော်အားငေးရှူလျက်

" အဟမ်း.........သောက်နေတာလား ဘာမှလဲမစားရသေးဘူးထင်တယ် ကျွန်တော် တစ်ခုတစ်ခုယူခဲ့ပေးရမလား "

မဟာတချက်သာမော့ကြည့်ပြီး ခေါင်းအသာခါယမ်းပြသည်။ ရှင်မင်းပိုလို့တောင်ကြောက်မိသည်။ သူဘလိုပြောပြရမလဲ

ရှင်မင်း : : " ဟို.....ဟို နေ့က ကိစ္စ...ကလေ" မဟာအနည်းငယ်မျက်ခုံးကြုံမိသည်။ သူသိနေတာလား

 ''ချစ်ရပါသောသူငယ်ချင်းခင်ပွန်းလောင်း" ''ချစ်ရပါသောသူငယ်ချင်းခင်ပွန်းလောင်း" Where stories live. Discover now