သာယာသောနေ့

271 24 0
                                    

မဟာတစ်ယောက် ကလေးငယ်ကိုဆေးစီးပေးပြီးမိမိအခန်းသို့သာပြန်လာခဲ့တော့သည်။
××××××××××××××××××××××××××××××××××

ကျွိ ကျွိ .........
နေရောင်ဖျဖျထိုးနေပြီ ကျေးဌက်တို့ကလဲတကျွိ အော်ချေ ပြီ .......
မဖွင့်ချင်ဖွင့်ချင် ဖြင့်မျက်လုံးများကိုပွတ်သပ်ကာ ဟိုဟိုဒီဒီ လူးလွန့်နိုးလာခဲ့သည်။

ဟူး........တနေ့တာတော့အစပြုရတော့မယ်
ပျင်းရိစွာမထချင်ထချင်ဖြင့်ထထိုင်လိုက်မိသည်။
" " " အမလေး !!! ဘုရား " "လန့်သွားတာလဲမပြောနဲ့
ကုတင်စွန်းတွင်မေးတင်ကာအိပ်ပျော်နေသော မဟာကြောင့် ရှင်မင်း၏မျက်လုံးတို့ပြူးကြယ်သွားရသည်။ (ထိုလူကြီး ဘယ်လိုလုပ်ရောက်နေတာပါလိမ့် )အတွေးတွေထဲလဲရေရေရာရာအဖြေကမရ ခေါင်းရှုပ်လို့လာသည်။

ရှင်မင်း " လူကြီး လူကြီး ထ .....ထတော့"

ကိုယ်ကိုလှုပ်၍ နိုးနေသံကြားရသဖြင့် ရုတ်ချည်းမျက်စိအစုံဖွင့်ကြည့်မိတော့ အိပ်ရာထခါစ ရှုပ်ပွနေသောဆံပင်များ.....အဖျားအရှိန်ဖြင့် ရဲရဲနီနီသောနှုတ်ခမ်းသားနှင့်နှာဖျားလေး ပြူးစက်ဝိုင်းကျယ်နေသော မျက်လုံးအစုံတို့ဖြင့်သူ့အား စိုက်ကြည့်နေသော အရှေ့ကကလေးပေါက်စ

မဟာ " အင်း အွန်း....ထပြီ ဒါနဲ့ ဘလိုနေသေးလဲ နေသာရဲ့လား "
ပြောလဲပြော လက်ကလဲနဖူးပြင်ပေါ်သို့ ဖိကပ်လိုက်သည်။
မဟာ " အင်းအဖျားတော့ကျသွားပြီဘဲ " မဟတစ်ယောက်ရှေ့ကိုကြည်မိတော့
သူရှေ့မှာကျောက်ရုပ်လေးချထားသည့်နယ် သူ့အားပြူးပြဲကာကြည့်နေသော ကလေးငယ် ချောင်းတချက်ဟန့်ကာ

မဟာ " အဟမ်း ညက မင်ဒဏ်ရာအရှိန်ကြောင့်ဖျားနေတာလေမ မှတ်မိဘူးလာ ကိုယ်...ညကမင်း အခန်းရှေ့အဖြတ်....မင်းသည်းနေသံကြားရလို့ဝင်ကြည့်တာ မင်းအဖျားတက်နေလို့ စောင်တွေခြုံပေးပြီး ရေဝတ်ကပ်ပေးနေတာ မိုးလင်းခါနီးမှ ကိုယ်အိပ်ပျော်သွားတယ်ထင်တယ် "

စိုးရိမ်တကြီးရှင်းပြနေသော လူကြီးအားကြည့်ကာ အားတုန့်အားနာဖြစ်နေမိသည်။ အခုမှဘဲနည်းနည်းချင်းစီပြန်ပေါ်လာသော ပုံရိပ်တွေကိုယ်ကိုကိုသာ ကျိန်ဆဲချင်မိသည်။

 ''ချစ်ရပါသောသူငယ်ချင်းခင်ပွန်းလောင်း" ''ချစ်ရပါသောသူငယ်ချင်းခင်ပွန်းလောင်း" Where stories live. Discover now