"ရင်ခုန်သံ အလွဲများနှင့် ကျနော်"

326 23 0
                                    

နယ်စားမင်းဆိုတဲ့ရာထူးအတိုင်း

မိမိနယ်အတွင်းဖြစ်သမျှပျက်သမျှ ဖြေရှင်းရသူမှာ

မိမိပင်ဖြစ်တာကြောင့် မျိုးမဟာတစ်ယောက်

အလုပ်တာဝန်များပြားနေသည်။

ဟိုကောင်လေးကိုပင်ဂရုမပြုနိုင် လူကြုံတို့ဖြင့်လာသောစာအရ မယ်မယ်တို့ဘုရားဖူးရန်နှင့် အဆွေအမျိုးတော်တွေနှင့်ဆုံနေကြသဖြင့် ပြန်မလာနိုင်သေးကြောင်းနှင့် သူတို့၏မွေးစားသားလေးအားဂရုစိုက်ရန်အမှာပါးလိုက်လေသည်။

ိအိမ်သို့ပြန်ရောက်ချိန်တွင်တအိမ်လုံးတိတ်ဆိတ်နေ

သည်ကားထူးခြားလှသည်။ အရင်နေ့များနှင့်မတူ

ဆူပူသံ အော်ဟစ်သံတို့ပျောက်ရှနေသည် ။ အပေါ်သို့တက်ရန် မီးဖိုခန်းမှအဖြတ် တခ်ခ်ရယ်သံကိုကြားသဖြင့် ဝေ့ဝဲကြည့်မိရာ ပြူံးရွှင်နေသော ဖြူဖြူစင်စင်အပြုံးလေး အမှတ်တမဲ့ကြည့်မိရာမှ ရင်တစ်ခုလုံနွေးသွားစေသည်။ (ကလေးရယ် အာ့လိုလေးပြုံးနေပါအမြဲ)

(ကလေးရေ တဲ့တွေးမိတဲ့ကိုယ့်ကိုပင်အံဩရတဲ့တခန ) 😳အာငါရူးသွားတာလား 😌

ဟိုလူကြီးအိမ်ပြန်ရောက်နေသည်ကိုပင်မသိအား နောက်ဖေးချောင်တွင် မလုံမအားကူရင်းလေပစ်နေမိသည်။ အိမ်ရှေ့ရောက်တော့မှရပ်ထားသည့်ကားကိုမြင်မိမှ ဘဲ ခြံစောင့်ကိုမြကိုမေးမိတော့သည်😁
ထမင်းစားရန် အဆင့်သင့်ပြင်နေသည့်မလုံမက ဟိုလူကြီးကိုသွားခေါ်ရန်အကူညီတောင်းဖြင့် အပေါ်သို့တက်လာခဲ့သည်။

ဒေါက်.......ဒေါက်.....ဒေါက်........ဦးမဟာ...ဦးမဟာ (တံခါးခေါက်သောလဲဘာအသံမှမကြားသဖြင့် စိတ်ပိုင်းဖြတ်ကာ အခန်းတွင်းဝင်လာမိသည်မှာ မိမိ၏အမှားဖြစ်ကြောင်း ရှင်မင်းတစ်ယောက် အသိနောက်ကျသွားခဲ့ပြီ)

😳😳oh !ခင်များ.......ခင်များ ........
အား.................😨😨မင်း .....မင်း......ဘာဝင်လုပ်တာလဲ အသံမကြားဘာကြားနဲ့

ရှင်မင်း : : " ကျ နော်...တံခါး...ခါက်ပါတယ် ဟို....အထဲကဘာသံမှမကြားလို့ဝင်လာမိတာပါ " ( ကာ ထားသောလက်ကြားကနေ မရဲတ ရဲ ကြည့်ကာ ပြောမိနေခြင်း)

 ''ချစ်ရပါသောသူငယ်ချင်းခင်ပွန်းလောင်း" ''ချစ်ရပါသောသူငယ်ချင်းခင်ပွန်းလောင်း" Where stories live. Discover now