ပြောင်းလဲသွားသော ကလေးငယ်

390 24 0
                                    

(ထမင်းစားခန်းအကျယ်ကြီးထဲတွင် တောင်ကြည့် မြောက်ကြည့်နဲ့ ကုတ်ကုတ်လေးထိုင်နေသော ကလေးငယ် )
မဟာ : : အဟမ်း  မစားသေးဘဲဘာလုပ်နေတာလဲ အဘ နဲ့ မယ်မယ် တို့မရှိဘူးအထက်ဘက်ခရီးဆန့်နေတယ် (မျိုးမဟာက စော်ဘွားအနွယ်မို့ မယ်မယ်တို့ သုံးတာပါ) 😉

(ကျွန်တော့်အသံကြား မှလှုပ်လှုပ်ရှားရှားဖြစ်ကာ မော့ကြည့်လာသော ကလေး ဒီကလေး ပုံစံကကုတ်ချောင်းချောင်း နဲ့အရင်ကလို့မြှောက်ကြွကြွ ပုံစံမဟုတ်ဘူး ဒင်း ဘာတွေထွင်နေပြန်တာတုန်း🤔🤔)

ရှင်မင်း အရှေ့ကလူကြီးကိုကြည့်နေမိသည် (ရုပ်ရည်ကတေ
ာ့ မဟာမှမဟာအစစ် ဒါမဲ့သူကသူဆယ်နှစ်ကျော်ပခုံးဖက်ပေါင်းလာတဲ့ မင်းမဟာမဟုတ် သူ့မင်းမဟာဆိုလျင် အပြုံးချိုချိုနှင့်သူ့အပေါ် သံယောဇဉ်အတော်ကြီးကာ   အလိုအရမ်းလိုက်သည်  😌)သက်ပြင်းသာချမိသည် ရင်ထဲမှလဲ မဟာ မင်းဘယ်မှာလဲကွာ 😌

ထမင်းစားခန်းတွင်ရှိနေသောလူနှစ်ဦးကတော့အတွေးကိုဆီဖြင့် .......... ရှင်မင်း
စားသောက်ပြီးခနကြာခြံထဲသို့ဆင်းလာခဲ့သည် ဟိုလူကြီးကတော့ဧည့်ခန်းထဲမှာ စာအုပ်တအုပ်ဖြင့် ရှိနေသည်။ စကားလဲသွားမပြောချင် အေးစက်စက်ရေခဲရိုက်မျက်နှာကြီးနဲ့လူကြီးကို ရှိန်တာလဲပါသလို လူစားလဲခံရသလိုဖြစ်နေတဲ့မိမိကိုယ်ကို လိပ်ပြာလဲမလုံချေ။

လုံမဆိုသည့် အသက် ၂၅လောက်ရှိသော အမျိုးသမီးကိုတော့ ရှင်မင်းခင်မင်မိသည် သူ့ကိုလဲချစ်ခင်ပြီး ဂရုတစိုက်ရှိလှသည်။

လုံမတစ်ယောက်ဈေးခြင်းဖြင့် အိမ်ထဲမှထွက်လာလေသည်။
" မလုံမ " ရှင်မင်းအသံကျယ်ကျယ်ဖြင့်လှမ်းခေါ်လိုက်သည် သို့သော်လုံမက ပြူးပြူးပြဲပြဲဖြင့်အသံလာရာအားလိုက်ရှာနေသည်။
ရှင်မင်းထပ်ခေါ်ရပြန်သည်။
လုံမအသံလာရာရှာတွေ့တော့ 😨😨😨

လုံမ(ဘုရားရေ အကိုလေးကသူ့ကို မ...မလုံ
မတဲ့ ဘုရားဘုရား နေတွေအနောက်ဘက်ကထွက်ကုန်ပြီလား😧 မည်သို့ပင်သူ့ထက်အသက်ငယ်စေကာမူ အိမ်ကြီးရှင်သခင်လေးက ငယ်ငယ်ထဲက လုံမဟုသာခေါ်လေ့ရှိပြီး အထက်စီးဆန်ဆန်သာစေခိုင်းတက်သည် ချောမောလှပသောမျက်နှာနက်မလိုက်အောင် ရှပ်ပြာဖြစ်ပြီး မာနကကြီးသေးသည် ငယ်ငယ်ထဲကထိန်းကြောင်းလာသူမို့ မောင်လေးသဖွယ်သံယောဇဉ်ဖြစ်မိသည်)

 ''ချစ်ရပါသောသူငယ်ချင်းခင်ပွန်းလောင်း" ''ချစ်ရပါသောသူငယ်ချင်းခင်ပွန်းလောင်း" Donde viven las historias. Descúbrelo ahora