အနမ်းတပွင့်ခိုးယူခြင်း

223 21 0
                                    

"မဟာ"တဲ့လားအခုသူ့ကိုမဟာလို့ခေါ်လိုက်တာလား .........ဘုရားရေ သူ့ကိုမဟာလို့ခေါ်ရဲတ
ဲ့သူခေါ်ခွင့်ရှိတဲ့သူ လက်ချိုးရေလို့တောင်ရသည်။   သူကဒါကိုပင် ရင်ထဲတလှပ်လှပ်နဲ့အနေရတမျိုးကြီးပင်ဖြစ်သွားသည်။

အတွေးယာဉ်ကြောမျှောလို့ပင်မဆုံးသေး တင်းတင်းကြပ်ကြပ်တိုးဝှေ့ဖက်တွယ်လာသောလက်အစုံတို့ကြောင့်အားမပါသောလဲ ပုံစံမကျသောအခြေနေမို့ ကလေးငယ်ပေါ်သို့ထပ်လျက်သားကြမိသွားသည် ။

"ဒုတ် ဒုတ် ဒုတ်" မဟာတယောက်မိမိရင်ခုန်သံတောင်ပြန်ကြားနေရသလိုပင် မျက်နှာတို့မှာပူခနဲဖြစ်သွားရသည်။

မြို့စားမင်းတစ်ယောက် ဂုဏ်အသရေမြင့်သောမျိုးရိုးမြင့်သူတစ်ယောက်အနေနဲ့ ချောပေ့လှပေ့ ဆိုသောအမျိုးသမီးများရဲ့အထိအတွေ့တွင်တောင် တခါမှယခုလိုမျိုးမဖြစ်တန်ခဲ့ဘူး။ အခုဆယ်ကျော်သက်အရွယ် ကောင်ငယ်လေးတစ်ယောက်အထိအတွေ့မှာမှ ဒီလိုခံစားချက်မျိုးရတယ်ဆိုတာက ထိတ်လန့်စရာပင် ။ ယောင်္ကျားသားချင်းကိုလေ??။
 
ရင်ဘတ်နားကစိုစွတ်သောအထိအတွေ့ကြောင့် သတိဝင်ကာငုံကြည့်မိတော့ မိမိရင်ခွင်ထဲသို့မျက်နှာအပ်ကာ ငိုနေသော ကလေး
"ဟူး......" ငါတော့ရူးတော့မှာဘဲ (တကိုထဲခပ်တိုးတိုးရေရွက်မိရင်း)

"ရှင်မင်း....ရှင်မင်း" ကလေး ဟေ့ထပါဦးဘာဖြစ်လို့လဲ " လှူပ်နိုးကြည့်တော့.......မျက်လုံးလေးမဆိုသလောက်ပွင့်လာသည်။

ရှင်မင် : : " နေရတာအဆင်မပြေဘူး ချမ်းတယ် ဖက်ထားပေးပါ နော် ဘယ်မှမသွားပါနဲ့"

အရှေ့ကတတွတ်တွတ်ပြောနေတဲ့ သနားစဖွယ်မျက်နှာငယ်လေးကြောင့် မဟာငြင်းဆန်နိုင်းစွမ်းရှိဘဲ အဖျားရှိန်ကြောင့်တုန်ရီနေတဲ့ကိုယ်လေးကို ရင်ခွင်ထဲထည့်ကာ အချမ်းပြေစေသည်။

နွေးထွေးပြီးလုံခြုံတယ်လို့ထင်သောအရှေ့ကရင်ခွင်ကျယ်ကြီးထဲသို့ ပိုတိုး၍ဝင်မိပြန်သည်။
နေမကောင်းဖြစ်ချိန်တွင် အားငယ်စိတ်တို့ကအတိုင်းအစမဲ့ ငယ်ငယ်ထဲကသူ့ကိုအလိုလိုက်အလျော့ပေးကာ သ
သူကမှီတွယ်ရသော သူရဲ့မဟာလို့ထင်မြင်မိသောကြောင့် ပို၍တွယ်တာမိသည်။

 ''ချစ်ရပါသောသူငယ်ချင်းခင်ပွန်းလောင်း" ''ချစ်ရပါသောသူငယ်ချင်းခင်ပွန်းလောင်း" Where stories live. Discover now