"ငါမင်းပျောက်နေတယ်ဆိုလို့တစ်ဖွဲ့လုံးလိုက်ရှာနေတာ..နောက်ဆုံး ဂူရဲ့အောက်ဆုံးအလွှာကိုဝင်လို့ရတဲ့ အပေါက်ကိုတွေ့ပြီးဆင်းလာမှပဲတွေ့တော့တယ်"

ဒီနေရာက စိမ်းဖန့်ဖန့်ခန္ဓာကိုယ်ကြီးပေါ်လာတဲ့ ဂူရဲ့ငါးလွှာမြောက်နေရာလေးပင်ဖြစ်သည်။ အဲ့ကိုယ်ကြီးက အမှောင်ထုထဲက တလက်လက်တောက်ပနေတဲ့ ရောင်စဉ်တန်းလေးနှင့်တူသည်။ ဒါပေမယ့်ထိုအလင်းတန်းက လူတွေကိုခြောက်နေသလိုမျိုး..ပြီးတော့ အရိုးတွေက အဆိပ်ရှိလားဆိုတာက အဓိက စိုးရိမ်စရာဖြစ်နေခဲ့သည်။ထို့ကြောင့်ပြင်ပအကူအညီချက်ချင်းပင်ယူလိုက်ရ၏။

တကယ်လို့သာ ဒီနေရာသည့် ကူမူးပြည်ရဲ့ အုတ်ဂူအမှန်သာဆိုလျှင် ဤအလောင်းကောင်သည် အနည်းဆုံးသက်တန်းမှာ နှစ်သုံးထောင်တော့ကောင်းကောင်းကျော်လေပြီ။ ပြီးတော့ အစိမ်းရောင်အလန်းတန်းတွေက အတော့်ကို ထူးခြားသည့်ဖြစ်စဉ်တစ်ရပ်ပင်။

အထက်ကအမိန့်စောင့်နေခိုက်တွင် ကျန်းချိုးပျောက်နေတာကိုသတိထားမိပြီး လိုက်ရှာရာမှ ဤအောက်သို့ဆင်းလို့ရသည့်လိုဏ်ခေါင်းအားရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ပါမောက္ခသည် တောက်လျှောက်မရပ်ပဲဆင်းလာသော်ငြား အချိန်၅နာရီခန့်ပင်ကြာမြင့်လေသည်။

"ပါမောက္ခ Fangက အဲ့လိုဏ်ဂူကိုရှာတွေ့တာလေ"

ခေါင်းဆောင်သည် ဆရာ့အားချီးမွန်းစကားဆိုလေ၏။

ပါမောက္ခ သည်ကျန်းချိုးအားသူ့နောက်ထပ်ကြပ်မကွာလိုက်ရန်ပြောလိုက်၏။ ကျန်းချိုး ပါမောက္ခ နောက်လိုက်နေရသော်လည်းခြေလမ်းတို့မှာ ကွတတဖြစ်ကာ ကိုးယိုးကားယားနိုင်နေလေသည်။ ကံကောင်းသည့်အချက်က သူ၏အဖွဲ့သားတို့မှာ သူ့အပေါ်စိတ်မဝင်စားနေခြင်းပင်။

ပါမောက္ခသည် ခေါင်းဆောင်အားလှမ်းပြောလိုက်သည်။

"ရှေးခေတ်အသုံးတွေပဲ..ငါနားမလည်ဘူး"

ကျန်းချိုးသည် ကျောက်စိမ်းကုတင်၏ဘေးပတ်လည်တွင် အဖြူအမဲစာသားများထွင်းထုထားသည်ကိုတွေ့လိုက်သည်။

"ဒီဂူရဲ့နေရာတိုင်းက တကယ့်ကို လျှို့ဝှက်သည်းဖိုဆန်တာပဲ။ အခေါင်းထဲမှာလည်း ဆုတောင်းသူတွေရဲ့ အလောင်းတွေနဲ့ပြည့်နေတာပဲ။ ဒါပေမယ့်ဒီမြေအောက်လိုဏ်ကြီးမှာ ဘာမှရှိမနေပြန်ဘူး"

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now