ဒါက...  ထိုလက်ထောက်မှာ ရှက်ရွံ့မှုကြောင့် မျက်နှာကနီရဲလာလျက် အလျင်အမြန် လိမ်ညာမုသားဆိုလိုက်ရတော့သည် "သူမ ဒီနေ့ နေမကောင်းလို့ နေမှာပါ"
ချင်းစုယွဲ့ဟာ သံသယဝင်နေသေးပေမယ့်လည်း ဆန်ပြုတ်ကို မြည်းစမ်းလိုက်တော့ တော်တော်လေး အရသာရှိတာကို သိလိုက်ရသဖြင့် မတတ်သာတော့ပဲ အနည်းငယ်လောက် ထပ်စားလိုက်၏။
ထိုလက်ထောက်မှာ ဆေးရုံမှ ထွက်လာပြီး ကားပါကင်သို့ သွားလိုက်သည်။ သူကားထဲဝင်ဝင်ချင်းမှာပဲ ခေါင်းကိုနောက်လှည့်ကာ ကြည့်လိုက်တော့ ကားနောက်ခန်းထဲတွင် ထိုင်နေသည့် သူ့သူဌေးကို တွေ့လိုက်ရလေ၏။ သူ့မျက်နှာ အမူအယာမှာတော့ စိတ်တိုမှုဖြင့် အုံ့မှိုင်းလို့နေပြီး သူ့ကို စိတ်တိုအောင် သွားမစသင့်ကြောင်း ပြောနေသလိုပင်။
ကားအတွင်းရှိ အပြင်လောကနှင့် သီးခြားဖြစ်နေသော နေရာလေးထဲတွင် လေထုမှာ စိတ်အိုက်စေကာ မသက်မသာ ဖြစ်လျက် ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းနေသည်။ ထိုလက်ထောက်မှာ အလိုက်တသိဖြင့် တိတ်တိတ်လေးနေပေးနေချိန်တွင် သူ့သူဌေးက ခေါင်းကိုမမော့ပဲ မေးလိုက်သည်ကို ကြားလိုက်ရသည် "မင်း စားပြီးပြီလား?"
ထိုလက်ထောက်မှာ မဆိုင်းမတွပင် မစားရသေးပါဘူးဟု ပြောလိုက်ချင်မိသည်။ သူ့မှာ မနက်စာဝယ်ဖို့အတွက် ဒီမြို့ကိုဖြတ်ကာ လမ်းတစ်ဝက်လောက်ထိ သွားခဲ့ရပြီး မနက်စာမှာယူဖို့အတွက်တင် အချိန်အကြာကြီး တန်းစီလိုက်ရသည်။ အခုထိ သူ့မှာ အစားတစ်လုပ်တောင် မစားနိုင်ခဲ့ပေ။ သို့သော်လည်း သူ့ပါးစပ်ဖျားမှ 'မစားရသေးပါဘူး'မှာ လျှင်လျှင်မြန်မြန်ပဲ "ကျွန်တော်စားပြီးသွားပါပြီ" ဟူ၍ ပြောင်းသွားလေတော့၏။
သူတွေးမိသည်မှာ သူ့သူဌေးရဲ့ဦးနှောက်တွင် အပေါက်အကြီးကြီး ဖြစ်သွားမှသာလျှင် သူ့သူဌေးက သူ့အကြောင်းကို စိတ်ဝင်စားပေလိမ့်မည်! သူ့သူဌေး တစ်ကယ်ကို ရှင်းရှင်းလင်းလင်း မေးချင်သည်မှာ ဆေးရုံအထူးခန်းထဲမှ အမျိုးသမီးငယ်လေးကိုသာလျှင် ဖြစ်လေသည်။
သူပြန်ဖြေလိုက်တာကို ကြားချိန်တွင် ချန်းစီနျန်၏ စူးစိုက်ငေးနေသည့် အကြည့်မှာ မရှင်းမလင်းဖြစ်နေပြီး နားလည်ရခက်လှလေသည်။ ချန်းစီနျန်က စကားဆက်မပြောချင်တော့ပဲ ခေါင်းစဉ်ပြောင်းလိုက်ပြီး "ချင်းကွမ်းချန်ကို ဖုန်းဆက်ပြီးတော့ အခုသူဖြစ်နေတဲ့အခြေအနေကို ရှင်းပြလိုက်"