အနှီသတ္တဝါလေးမှာ အစက လင်းခေတ်ဦးနဲ့စာသင်ဖို့ကိုအကြောက်အကန်ငြင်းခဲ့ဖူးပေမဲ့...အခုချိန်မှာတော့ လင်းခေတ်ဦးနဲ့ နှစ်လယ်မှသာမဟုတ်ပဲ နှစ်စကတည်းကတွေ့ခဲ့ရင်ဆိုတဲ့ အတွေးမျိုးကိုတွေးမိနေပြီ...။

ခွန်းစစ်မင်း မနက်ခင်းတည်းက လင်းခေတ်ဦးနဲ့အတူလာနေနေတာ...။ လင်းခေတ်ဦးကလဲ ကျောင်းရှိတာတောင်မသွားတော့ပဲ...ခွန်းစစ်မင်းနဲ့ပဲတစ်နေကုန်အဖော်ပြုပေးနေလိုက်တယ်...။ သူများတွေက Result ထွက်ခါနီးလေ စိတ်အလှုပ်ရှားလွန်ပြီး စားမဝင်သောက်မဝင်နဲ့ အိပ်လို့မရတာမျိုးဖြစ်ကြပေမဲ့...ခွန်းစစ်မင်းတစ်ယောက်ကတော့ နေ့လည်ဘက်ကိုလဲ အကြာကြီးအိပ်လိုက်သေးတဲ့အပြင်...ပြန်နိုးလာကတည်းက စားလိုက်သောက်လိုက်နဲ့ ရုပ်ရှင်းစီးရီးတစ်ခုထိုင်ကြည့်နေလိုက်တာ Result ထွက်လာတဲ့အထိပဲ...။ ဒါကလဲ သူ့ရဲ့စိတ်လှုပ်ရှားနည်းတစ်မျိုးဖြစ်ချင်ဖြစ်မှာပေါ့လေ...။

အမှန်တော့ အောင်စာရင်းကိစ္စနဲ့ပတ်သတ်ပြီး ခွန်းစစ်မင်း သူအရင်ကပြောဖူးသလိုပဲ သိပ်ဂရုမစိုက်ဘူး...။ ဒါပေမဲ့ ဘာသာအားလုံးဖြေဆိုပြီးတဲ့အချိန်မှာ သူ့စိတ်တွေအနည်းငယ်ပြောင်းလဲလာတယ်...။ အောင်သွားရင်တုန့်ပြန်လာမဲ့ တစ်စုံတစ်ယောက်ရဲ့အပြုံးကို သူစိတ်ကူးယဉ်ကြည့်မိလာတယ်...။ သူ့ကြောင့်လဲ ထိုတစ်စုံတစ်ယောက်ကို နာမည်မပျက်စေချင်တော့ဘူး...။ ဘယ်လိုပဲဖြစ်ဖြစ် Result သာမကောင်းရင် အသင်ခံရတဲ့သူရော သင်ပြပေးတဲ့သူကိုပါမကောင်းပြောလာကြမှာပဲလေ...။

အောင်မြင်မှုက ကိုယ်ဝန်ဆောင်ရတာနဲတူတယ်ဆိုရင်...ကျရှုံးခြင်းဆိုတာကလဲ ထိုနည်းလည်းကောင်းပဲ...။ အောင်မြင်တဲ့အခါ Result တစ်ခုတည်းကိုသာကြည့်ပေမဲ့...ကျရှုံးတဲ့အခါကျရင်တော့ လုပ်ဆောင်ချက်တွေကိုပါကြည့်လာတတ်တယ်...။ သူတို့မြင်ရတဲ့အတိုင်းတော့မဟုတ်ဘူး...။ သူတို့မြင်ချင်တဲ့အတိုင်းပဲ...။ ဥပမာ...လက်ထပ်ပြီးသားယောက်ျားနဲ့မိန်းမမှာ အကြောင်းကြောင်းကြောင့်ကလေးမရှိသေးတာကို...သေချာတယ် တစ်ယောက်ယောက်တော့မြုံနေပြီဆိုပြီး ကောက်ချက်ချပစ်တာမျိုးပေါ့...။ ဒါကတော့ ပတ်ဝန်းကျင်ဆိုတာပါပဲ...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now