ထိုအခါ ချင်းမိသားစုရဲ့ သမီးလေးက သူမသားရဲ့ အိမ်နီးချင်း ဖြစ်နေမှန်း သိလိုက်ရတော့ တော်တော်လေးကို အံ့ဩသွားခဲ့ရသည်။ ထိုစဉ်က သူမရဲ့ စိတ်တွင်းမှ အလိုလိုကို သိနေခဲ့သည့်အတိုင်း နှစ်ယောက်သားမှာ အရင်ထဲက အချင်းချင်း သိနေခဲ့ကြတာဖြစ်ပြီး သူမ ထင်ခဲ့တာကလည်း အမှန်ပင်။
ဝမ်ယဉ်းလင်ကို အံ့အားသင့်စေတာကတော့ ချင်းစုယွဲ့မှာ သူမရဲ့သားလေးကို နဂိုထဲက စိတ်ဝင်စားခဲ့တာကိုပင် ဖြစ်ပြီး နောက်ကျတော့ မတော်တဆ ဖြစ်ပြီးနောက်ပိုင်း သူမသားလေးနှင့် ထိတွေ့ပက်သတ်ရမှာကို ငြင်းပယ်ခဲ့တာကို ဖြစ်၏။
ဒီမာမားကတော့ ဒီအဖြစ်အား အတော်လေး ရယ်ချင်မိလျက် အတော်လေး သဘောကျ စိတ်ဝင်စားစရာ ကောင်းသည်ဟုလည်း ထင်မိသဖြင့် ချင်းစုယွဲ့ရဲ့ အပြုအမူတွေကို စောင့်ကြည့်ဖို့ရန်အတွက် တစ်ယောက်ကို ညွှန်ကြားထားခဲ့လေသည်။
ချင်းစုယွဲ့ကတော့ မထင်မှတ်ထားစွာပင် Aမြို့သို့ ကျောင်းသားဖလှယ်သည့်အနေဖြင့် ပြောင်းရွှေ့သွားခဲ့တော့၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဝမ်ယဉ်းလင်မှာလည်း ရုပ်ရှင်တစ်ကားတွင် အလွန်ကြီးမားသော ရင်းနှီးမြှုပ်နှံမှုတစ်ခု ပြုလုပ်ဖို့ရှိပြီး Aမြို့တွင်ရှိသည့် ကျောင်းတစ်ကျောင်းမှ အမျိုးသမီးဇာတ်ဆောင် သရုပ်ဆောင်ကို ရွေးချယ်လိုတာ ဖြစ်သည်။ ဒါ့အပြင် Aမြို့တွင် အမျိုးသမီးဇာတ်ဆောင်နေရာအတွက် အလားအလာရှိသည့် သရုပ်ဆောင်တွေကို ရွေးချယ် မွေးထုတ်ပေးနေသည့် ဒါရိုက်တာတစ်ယောက်လည်း ရှိသဖြင့် သူမက Aမြို့ကို သေသေချာချာ စေ့စေ့ငုံငုံ လာကြည့်တာပင် ဖြစ်၏။
သူမကို ရွေးချယ်ပေးမယ့် ဝန်ထမ်းတွေရှိသဖြင့် ဝမ်ယဉ်းလင်မှာ Aမြို့သို့ လူကိုယ်တိုင် လာစရာမလိုပေ။ သို့သော်လည်း သူမကိုယ်တိုင် Aမြို့သို့ လာခဲ့ရသည့် အကြောင်းပြချက်မှာ အဓိကဇာတ်ဆောင် မင်းသမီးကို ရွေးချယ်ဖို့အတွက်မဟုတ်ပဲ ချင်းစုယွဲ့ကို တွေ့ဆုံဖို့ရာသာလျှင် ဖြစ်ပေသည်။ သူမက ချင်းစုယွဲ့၏ နောက်ခံအကြောင်းအရာတို့အား ဒီထက်ပို သိချင်မိပြီး အရေးကြီးဆုံးကတော့ သူမရဲ့ ချွေးမနေရာအတွက် ချင်းစုယွဲ့က သင့်တော်ပါရဲ့လားဆိုတာကို သိချင်မိတာပင် ဖြစ်၏။