သူမတွင် ချစ်သူလည်း မရှိချေ။ အတန်းဖော်တို့မှာလည်း သူမနှင့်ဆုံသည်မှာ တစ်ပတ်မျှသာ ရှိသေးသည်။ ချင်းစုယွဲ့မှာ ညလယ်ကြီးတွင် သူမကို ဂရုစိုက်ပေးဖို့အတွက် တစ်စုံတစ်ယောက်ကို ခေါ်ရမှာ ရှက်ရွံ့မိလေသည်။
ချင်းစုယွဲ့တစ်ယောက်မှာ ဘာမှ လုပ်စရာမရှိသောကြောင့် ပြန်သာ အိပ်လိုက်ရပြီး ဒုတိယနေ့တွင် ဗိုက်ဆာလောင်မှုတို့ဖြင့် နိုးထလာရလေတော့၏။ သူမ အစာအိမ်အတွင်းမှ မြည်ဟီးသံတို့မှာ သည်းခံအောင့်အီးနိုင်ဖို့ တစထက်တစ ခက်ခဲလို့လာသော်လည်း သူမမှာ ကိုယ်တိုင် အပြင်မထွက်နိုင်သဖြင့် သူနာပြုကိုသာ ပေါ့ပေါ့ပါးပါး စားလို့ရမည့် အစားအစာ အချို့ကို ယူလာစေဖို့အတွက် တွေးမိသည်။
အခန်းတံခါး ရုတ်တရက် ပွင့်လို့လာချိန်တွင် သူမက ခေါင်းလောင်းကို နှိပ်ပီးနေလေပြီ။ တံခါးက လျှင်မြန်စွာ လွှဲပွင့်သွားတော့ တံခါးဝတွင် ရပ်နေသည့် အထက်တန်းကျလှသည့် မျိုးရိုးမြင့် အမျိုးသမီးတစ်ဦးရဲ့ မြင်ကွင်းဖြင့် ရုတ်တရက် တကယ့်ကို ရုတ်တရက် ကြိုဆိုနှုတ်ဆက်ခံလိုက်ရချိန်မှာ ချင်းစုယွဲ့တစ်ယောက် စိတ်ပျက်အံ့အားသင့်မိသွားလေသည်။ ဤသည်မှာ ချန်းစီနျန်၏ မိခင်ဖြစ်သူ ဝမ်ယဉ်းလင်ပဲ ဖြစ်လေ၏။
ချင်းစုယွဲ့က ရှော့ရသွားတော့သည်။ ဘာလို့ ဝမ်ယဉ်းလင်က သူမအခန်းထဲ ရောက်လာရတာလဲ?
သူမမှာ ဘာမှ မတုံ့ပြန်နိုင်တော့ပဲ ခရမ်းဖျော့ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးကိုသာ မျက်လုံးပြူးလျက် စိုက်ကြည့်နေမိတော့လေသည်။
ဝမ်ယဉ်းလင်ရဲ့နောက်တွင်မူ သူမရဲ့ အတွင်းရေးမှူးနှင့် ကားဒရိုင်ဘာတို့ ပါလာလေ၏။ ဝမ်ယဉ်းလင် ဝင်လာသည့်အချိန်တွင် သူမ ကိုင်ထားသည့် အထူးကောင်းမွန်လှသော လက်ကိုင်အိတ်ရဲ့ အမြင်မှာ ချင်းစုယွဲ့အား ကြောက်ရွံ့ရိုသေစေမိလေသည်။ သူမ၏ ခမ်းနားထည်ဝါလှသော ဖက်ရှင်မှာ ဒီလိုကြော့ရှင်းထက်မြက်လှသည့် ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေသည်။ ဒါပေမယ့် သူမ မည်သို့ပင် ဝတ်စားဆင်မြန်းထားပါစေ မျက်စိပသာဒ ဖြစ်စေလျက် တင့်တယ်နေသည်သာပင်။